ဂရိဘဏ်တွေအတွက် အရေးပေါ်ငွေ ယူရိုသန်း၉၀၀ ထပ်ပေး

  • 22 ဇူလိုင် 2015
_ecb_ ဓာတ်ပုံ မူပိုင်
Image caption ECB အနေနဲ့ အခု သီတင်းပတ် ထဲ မှာ တင် ဂရိ ဘဏ် တွေ ကို အရေး ပေါ် ကယ်ဆယ် ရေး အဖြစ် ၂ ကြိမ် မြောက် ရံ ပုံငွေ တွေ ဖြည့်စည်း ပေး လိုက် တာ ဖြစ် ပါတယ်။

ဂရိ နိုင်ငံ မှာ စီးပွားရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲ မှု တွေ တိုးတက် လုပ် ဆောင် ဖို့ ဂရိ ပါလီမန် က စဉ်းစား လာ ခဲ့တဲ့ နောက် ဥရောပ ဗဟို ဘဏ် ECB ကလည်း ဂရိ ဘဏ် တွေ ကို ယူရို သန်း ကိုးရာ နောက်ထပ် ဖြည့်ဆည်း ပေးဖို့ ဆုံးဖြတ် လိုက် ပါတယ်။

ဒါဟာ ECB အနေနဲ့ အခု သီတင်းပတ် ထဲ မှာ တင် ဂရိ ဘဏ် တွေ ကို အရေး ပေါ် ကယ်ဆယ် ရေး အဖြစ် ၂ ကြိမ် မြောက် ရံ ပုံငွေ တွေ ဖြည့်ဆည်း ပေး လိုက် တာ ဖြစ် ပါတယ်။

ဂရိ ကို ပေးမယ့် ဘဏ္ဍရေး ဆိုင်ရာ အကူအညီ အစီအစဉ် တစ်ခု လုံး ပြီးမြောက် တဲ့ အချိန် အထိ ဂရိ ဘဏ် တွေ လည်ပတ် လှုပ်ရှား နေလို့ ရအောင် အခုလို အရေး ပေါ် ရံပုံငွေ တွေ ဖြည့်တင်း ပေး နေရ တာ ဖြစ် ပါတယ်။

ယူရို ငွေ ပေါင်း ၈၆ ဘီလျံ တန်ဖိုး ရှိတဲ့ အကူအညီ အထောက်အပံ့ တစ်ခု လုံး ရရှိ ဖို့ အတွက် နိုင်ငံတကာ မြီရှင် တွေ နဲ့ ထပ်မံ မဆွေးနွေး ခင် ဂရိ ပါလီ မန် ဘက်က ဂရိ ရဲ့ ဘဏ်လုပ်ငန်း နဲ့ တရားရေး စံနစ် တွေ မှာ အဓိက ပြင်ဆင် ပြောင်းလဲ မှု တွေ လုပ်ဆောင် ဖို့ အတည် ပြု ပေးရ ဦး မှာ လည်း ဖြစ် ပါတယ်။

ဝန်ကြီး ချုပ် အလက်ဆီ ဆီးပရပ်စ် အနေ နဲ့ သူ့ရဲ့ အာဏာရ ဆီရီဇာ ပါတီ အတွင်း က ပြင်ဆင်ရေး မူ တွေ အပေါ် ဆန့်ကျင် နေ သူ တွေ ကို ကိုင်တွယ် သွား နိုင် ဖို့ မျှော်လင့် ထား သလို ပြင်ဆင် ရေးမူ တွေ ကို ထောက်ခံ တဲ့ အတိုက်အခံ ပါတီ တွေ ရဲ့ မဲ နဲ့ ပါလီ မန် ထဲ မှာ အတည်ပြု နိုင် လိမ့်မယ် လို့ ခန့်မှန်း ထား ကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ