တူရကီ​စစ်​လေ​ယာဉ်​တွေ ဆီး​ရီး​ယား​နယ်​ထဲ​ထိ ဝင်​ပြီး IS ကို တိုက်​ခို​က်

  • 25 ဇူလိုင် 2015
turkey_syria
Image caption တူရကီ ပိုင်နက် ထဲ ကို IS အဖွဲ့ တွေ စီးနင်း မလာခင် ကြိုတင် လက်ဦး မှု ရယူ ပြီး တိုက်ခိုက်။

တူရကီ နိုင်ငံ ရဲ့ စစ်လေယာဉ်တွေ ဟာ ဆီးရီးယား နိုင်ငံထဲ က အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS တွေ ကို ပစ်မှတ် ထားပြီး တိုက်ခိုက် ထပ် မံ လုပ်ဆောင် ခဲ့ ပြန် တယ် ဆိုတဲ့ သတင်း တွေ ရ ရှိ နေပါတယ်။

ဒီ တစ်ကြိမ် မှာ တော့ ဆီးရီးယား ဝေဟင် ပိုင်နက် ထဲ အထိ ဝင်ပြီး တိုက်ခိုက် ခဲ့တာ ဖြစ်တယ် လို့ တူရကီ ပြည်တွင်း မီဒီယာ တွေ က ပြော ပါတယ်။

သောကြာ နေ့ အစောပိုင်းတုန်း က စတင် ပြုလုပ် ခဲ့တဲ့ တိုက်ခိုက် မှု တွေ တုန်း ကတော့ တူရကီ ဘက်ခြမ်း ဝေဟင် ပေါ် ကနေ ပဲ ဆီးရီးယား ထဲ ကို လှမ်းပြီး ပစ်ခတ် ခဲ့တာ ဖြစ် ပါတယ်။

တူရကီ ပိုင်နက် ထဲ ကို IS အဖွဲ့ တွေ စီးနင်း မလာခင် ကြိုတင် လက်ဦး မှု ရယူ ပြီး တိုက်ခိုက် ခဲ့တာ ဖြစ်တယ် လို့ တူရကီ အာဏာပိုင် တစ်ဦး က ဘီဘီစီ ကို ပြောထား ပါတယ်။

IS အဖွဲ့ ကို လေကြောင်း တိုက် ခိုက် မှု တွေ ပြုလုပ် နိုင် ဖို့ အမေရိကန် ဦး ဆောင် တဲ့ မဟာမိတ် အဖွဲ့ ရဲ့ လေယာဉ် တွေ ကိုလည်း တူရကီ ထဲက လေတပ် အခြေစိုက် စခန်း တွေ ကို အသုံးပြု ခွင့် ပေး ထား ခဲ့ ပြီ ဖြစ် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ