ယီ​မင်​နိုင်ငံ​ထဲ​မှာ အပစ်​ရပ်​ပေး​မယ်​လို့ ဆော်​ဒီ ကြေညာ

  • 25 ဇူလိုင် 2015
_yemen
Image caption ဆေးဝါး နဲ့ ထောက်ပံ့ရေး ပစ္စည်း တွေ ကို လိုအပ် နေတဲ့ သူတွေ ဆီ ပို့ဆောင် ပေးနိုင်ဖို့ အပစ်ရပ်ပေးတာ ဖြစ်။

ယီမင် နိုင်ငံ ထဲက စစ်ဘေး ဒုက္ခသည် တွေ ကို လူသားချင်း စာနာ နားလည်တဲ့ အကူအညီ တွေ ပေးနိုင် ဖို့ ၅ ရက် ကြာ အပစ်ရပ် ပေး ထားမယ် ဆိုပြီး ဆော်ဒီ အာရေဗျ နိုင်ငံ က ကြေညာ လိုက် ပါတယ်။

တနင်္ဂနွေ နေ့ နှောင်းပိုင်းမှာ အပစ်ရပ် မှု စတင် သက်ဝင် မှာ ဖြစ်ပါတယ်။

အပစ်ရပ် ကာလ အတွင်း မှာ ဆေးဝါး နဲ့ ထောက်ပံ့ရေး ပစ္စည်း တွေ ကို လိုအပ် နေတဲ့ သူတွေ ဆီ ပို့ဆောင် ပေး နိုင် ဖို့ ရည်ရွယ် တာ ဖြစ် ပေမယ့် တကယ်လို့ ဟူသီ သူပုန် တွေ ဘက်က တစ်ခုခု လှုပ်ရှား လာရင် တော့ ပြန်လည် တုန့်ပြန် မှာ ဖြစ်တယ် ဆိုပြီး ဆော်ဒီ အစိုးရ သတင်းဌာန မှာ ဖော်ပြ ထား ပါတယ်။

ယီမင်နိုင်ငံ မြို့တော် ဆားနား မှာ ဆော်ဒီ ဦးဆောင် တဲ့ မဟာမိတ် အဖွဲ့ က လေကြောင်း တိုက်ခိုက်မှု တွေ ပြင်းပြင်း ထန်ထန် လုပ်ခဲ့ ကြ ပြီးတဲ့ နောက် အခုလို အပစ်ရပ် ကြေညာချက် ထွက် ပေါ် လာတာပါ။

တောင်ပိုင်းမြို့ တစ်ခု ဖြစ်တဲ့ တိုင်အစ်ဇ် မှာလည်း တိုက်ခိုက် မှု တွေ အတွင်း လူ နေရပ် ကွက် တစ်ခု ထဲ က လူ ၅၅ ယောက် သေဆုံး ခဲ့ရတယ် ဆိုတဲ့ သတင်း တွေ လည်း ထွက် ပေါ် နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ