အို​ဘား​မား အီ​သီ​ယို​ပီး​ယား​ဆီ ခရီးဆက်

  • 26 ဇူလိုင် 2015
obama_nairobi ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန် သမ္မတ လက်ရှိရာထူး နဲ့ အီသီယိုပီးယား ကို ရောက်လာ ပြီး အာဖရိက နိုင်ငံများ သမဂ္ဂ မှာ မိန့်ခွန်း ပြော မှာ မစ္စတာ အိုဘားမား ပထမဆုံး။

အမေရိကန် သမ္မတ အိုဘားမား ဟာ သူ့ရဲ့ အာဖရိကတိုက် ခရီးစဉ် ကို ကင်ညာ နိုင်ငံ ကနေ ရှေ့ဆက် ခဲ့ ပြီ ဖြစ်လို့ အခုဆို အီသီယိုပီးယား နိုင်ငံ ကို ရောက်ရှိ နေပြီ ဖြစ် ပါတယ်။

အီသီယိုပီးယား မြို့တော် အယ်ဒစ္စ အဘာဘာ မှာ ရုံးစိုက် ထားတဲ့ အာဖရိက ၅၄ နိုင်ငံ အဖွဲ့ဝင် ဖြစ်တဲ့ အာဖရိက နိုင်ငံများ သမဂ္ဂ မှာ လည်း သမ္မတ အိုဘားမား မိန့်ခွန်း ပြောကြား ဖို့ ရှိပါတယ်။

အမေရိကန် သမ္မတ လက်ရှိရာထူး နဲ့ အီသီယိုပီးယား ကို ရောက်လာ ပြီး အာဖရိက နိုင်ငံများ သမဂ္ဂ မှာ မိန့်ခွန်း ပြော မှာ မစ္စတာ အိုဘားမား ပထမဆုံး ပဲ ဖြစ်ပါတယ်။

တောင်ဆူဒန် ပြည်တွင်းစစ် ပြီးဆုံး နိုင်ရေး အတွက် နည်းလမ်း တွေ ရှာကြဖို့ အကြောင်း လည်း ထည့်သွင်း ဆွေးနွေးဖို့ စီစဉ် ထားပါတယ်။

သမ္မတ အိုဘားမား ဟာ သူ့ ဖခင်ရဲ့ မွေးရပ်မြေ ကင်ညာ နိုင်ငံ မြို့တော် နိုင်ရိုဘီ ကနေ အယ်ဒစ္စ အဘာဘာ ကို ထွက်ခွာ လာ ခဲ့တာ ဖြစ်ပါတယ်။

ကင်ညာ နိုင်ငံ မှာတုန်း ကတော့ သမ္မတ အိုဘားမား ဟာ ကင်ညာ နိုင်ငံ အတွက် ဘယ်လောက် ပဲ အောင်မြင် တိုးတက် ထွန်းကား နိုင်တယ် ဆိုတဲ့ အကန့်အသတ် မျိုး ဆိုတာ မရှိဘူး၊ ဒါပေမယ့် အကျင့်ပျက် ခြစားမှု နဲ့ မျိုးနွယ်စု ကွဲပြားမှု အပေါ် မူတည်ပြီး မညီညွတ် နိုင် မှု တွေ ဟာ အန္တရာယ် ကြီး တယ် လို့ ထပ်လောင်း သတိ ပေး ခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ