ဆီးရီးယားစစ်တပ် စစ်သားလိုအပ်နေ

  • 26 ဇူလိုင် 2015
assad ဓာတ်ပုံ မူပိုင် z
Image caption စစ်သားစုဆောင်းနေရတဲ့ ဆီးရီးယား သမ္မတ

ဆီးရီးယား သမ္မတ ဘာရှား အယ် အာဆတ် က အစိုးရ စစ်တပ်အနေနဲ့ စစ်သား မလုံလောက်တဲ့ ပြဿနာ ကြုံနေပြီး ပြည်တွင်းစစ် အတွင်းမှာ ထိန်းသိမ်းထားနိုင်တဲ့နေရာတွေ ကို စွန့်လွှတ်ခဲ့ရတယ် လို့ ပြောပါတယ်။

နိုင်ငံပိုင်ရုပ်မြင်သံကြား ဌာန ကနေ ထုတ်လွှင့်တဲ့ သူ့မိန့်ခွန်း ထဲမှာ စစ်တပ်အနေနဲ့ စွမ်ဆောင်နိုင်ရည်ရှိပေမယ့် လူအင်အား နည်းလာတဲ့အကြောင်း ထည့်သွင်းပြောခဲ့ပါတယ်။

စစ်ရေး တာဝန်ထမ်းဆောင်ဖို့ ရှောင်ရှားခဲ့တဲ့သူတွေ၊ စစ်တပ် ကနေ ထွက်ပြေးခဲ့တဲ့ သူတွေ ကို လည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့ အကြောင်း ဆီးရီယား သမ္မတ က စနေနေ့မှာ ကြေညာခဲ့ပါတယ်။

စစ်တပ်အနေနဲ့တော့ လူသစ် စုဆောင်းတဲ့ လုပ်ဆောင်မှုတွေ ကို အခု လဆန်း ပိုင်း ကတည်း က စတင် လုပ်ဆောင်နေပါတယ်။