လိင်တူချစ်သူပွဲမှာ လူ ၆ ယောက် ဓားထိုးခံရ

  • 30 ဇူလိုင် 2015
gay ဓာတ်ပုံ မူပိုင် bbc
Image caption လူတယောက် လူအုပ်ထဲ အတင်း ဖြတ်ဝင်လာ

အစ္စရေး နိုင်ငံ ဂျေရု ဆလင် မြို့မှာ နှစ်စဉ် ကျင်းပနေကျ လိင်တူ ချစ်သူ တွေရဲ့ ချီတက်ပွဲမှာ လူ ၆ ယောက်ကို ဓားနဲ့ ဝင်ထိုးတဲ့ အယူသည်း ဂျူး လူမျိုး တယောက်ကို ရဲက ဖမ်းဆီး ခဲ့ပါတယ်။

ဓားထိုး ခံရတဲ့ထဲက ၂ ယောက်ရဲ့ ဒဏ်ရာက စိုးရိမ် ရပါတယ်။

အနားက ကုန်တိုက် တခု ထဲက လူတယောက် လူအုပ်ထဲ အတင်း ဖြတ်ဝင်လာတယ်လို့ မျက်မြင် သက်သေ တွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ အင်မတန် ဆိုးရွားတဲ့ မုန်းတီးရေး တိုက်ခိုက်မှုသာ ဖြစ်တယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြစ်တင် ရှုတ်ချ ခဲ့ပါတယ်။

အစ္စရေး နိုင်ငံမှာ လိင်တူ ချစ်သူ တွေ အပါအဝင် လူတိုင်း ငြိမ်းချမ်းစွာ နေပိုင်ခွင့် ရှိပြီး အစ္စရေး အစိုးရက ဒီအခွင့်အရေးကို ခုခံ ကာကွယ် သွားမယ် လို့လည်း သူက ဆိုပါတယ်။

ဒီတိုက်ခိုက်သူဟာ ၂ဝဝ၅ ခုနှစ်က ချီတက်ပွဲမှာလည်း လိင်တူ ချစ်သူ ၄ ယောက်ကို ဓားနဲ့ ဝင်ထိုးခဲ့သူ ဖြစ်ပြီး မကြာခင်ကမှ ထောင်က လွတ်လာတာလို့ အစ္စရေး ရဲက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ