၂၀၂၂ ဆောင်းရာသီ အိုလံပစ်၊ ဘေဂျင်းမြို့ကို ရွေးချယ်

  • 31 ဇူလိုင် 2015
ဓာတ်ပုံ မူပိုင် AP
Image caption အော်လ်မတ်တီမြို့ကို ဘေဂျင်းမြို့က ကပ်ပြီး အနိုင်ရခဲ့။

၂၀၂၂ ခုနှစ် ဆောင်းရာသီ အိုလံပစ် အားကစားပွဲကို လက်ခံ ကျင်းပမယ့် နေရာအဖြစ် ဘေဂျင်း မြို့တော်ကို နိုင်ငံတကာ အိုလံပစ် ကော်မတီက ရွေးချယ် လိုက်ပါတယ်။

ကာဇက်စတန် နိုင်ငံရဲ့ အော်လ်မတ်တီ မြို့တော်က ဘေဂျင်းမြို့နဲ့ နောက်ဆုံး အထိ ယှဉ်ပြိုင်ခဲ့ပြီးမှ ကပ်ပြီး ရှုံးနိမ့် သွားခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ဟာ ၂၀၀၈ ခုနှစ် နွေရာသီ အိုလံပစ် ပွဲကိုလည်း လက်ခံ ကျင်းပခွင့် ရခဲ့တဲ့အတွက် နွေရာသီနဲ့ ဆောင်းရာသီ အိုလံပစ်ပွဲ ၂ ခုစလုံးကို လက်ခံ ကျင်းပခွင့် ရတဲ့ ပထမဆုံး မြို့တော် ဖြစ်လာတော့မှာပါ။

၂၀၀၂ ခုနှစ် ဆောင်းရာသီ အိုလံပစ် အိမ်ရှင် စတင် ရွေးချယ်ခဲ့တဲ့ ပြီးခဲ့တဲ့ ၂ နှစ် တုန်းကတော့ ဘေဂျင်းမြို့နဲ့ အော်လ်မတ်တီမြို့ နှစ်မြို့စလုံးက သိပ်ရေပန်း မစားခဲ့ပေမယ့် နောက်ပိုင်းမှာ ဥရောပက မြို့တွေက နိုင်ငံရေးနဲ့ စီးပွားရေး အခြေအနေတွေကြောင့် အိမ်ရှင် အရွေးခံပွဲကနေ ထွက်သွားခဲ့တာကြောင့် နောက်ဆုံးမှာ ဘေဂျင်းမြို့နဲ့ အော်လ်မတ်တီမြို့တို့ အကြိတ်အနယ် ယှဉ်ပြိုင် ခဲ့ကြတာပါ။

တရုတ် အစိုးရကတော့ ပြီးခဲ့တဲ့ ၇ နှစ်က ကျင်းပခဲ့တဲ့ နွေရာသီ အိုလံပစ်ပွဲ အတွေ့အကြုံက ဘေဂျင်းကို အကောင်းဆုံး ယှဉ်ပြိုင်သူ ဖြစ်စေခဲ့ကြောင်း ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ