ထိပ်​တန်း အစ္စ​လာမ်​မစ်​ခေါင်းဆောင်​တစ်​ဦး သေ​ဆုံး​ကြောင်း သ​တင်း ထွက်​လာ​ပြန်

  • 31 ဇူလိုင် 2015
_jalaluddin_haqqani
Image caption ဟက်ကာနီ ကွန်ရက် ဟာ တာလီဘန် နဲ့ အယ်ကိုင်းအေးဒါး အဖွဲ့တွေ နဲ့ အတော်လေး နီးကပ် တဲ့ မဟာမိတ် အဖွဲ့ ဖြစ်ပါတယ်။

တာလီဘန် လက်နက်ကိုင် အဖွဲ့ က သူတို့ရဲ့ ခေါင်းဆောင် မူလာ အိုမာ သေဆုံး ခဲ့ ပြီ ဖြစ် ကြောင်း အတည်ပြု အသိအမှတ် ပြုခဲ့ အပြီး တစ်ရက် အကြာ မှာ ပဲ အစ္စလာမ်မစ် နောက် ထပ် တစ်အုပ်စု ဖြစ်တဲ့ ဟက်ကားနီ ကွန်ရက် ရဲ့ ခေါင်းဆောင် ဂျလာလူဒင် ဟက်ကာနီ လည်း သေဆုံး ခဲ့ပြီ ဖြစ်နိုင် ကြောင်း ပြသ နေတဲ့ အချက် တွေ ခိုင်ခိုင်မာမာ ပေါ် ထွက် လာ ပါတယ်။

ဟက်ကားနီ ကွန်ရက် ဟာ တာလီဘန် နဲ့ အယ်ကိုင်းအေးဒါး အဖွဲ့တွေ နဲ့ အတော်လေး နီးကပ် တဲ့ မဟာမိတ် အဖွဲ့ ဖြစ်ပါတယ်။

တာလီဘန် အဖွဲ့တွင်းက လာတဲ့ ယုံကြည် စိတ်ချရ လောက် တဲ့ သတင်း တွေ အရ ဂျလာလူဒင် ဟက်ကာနီ ဟာ ယမန် နှစ် ကတည်း က နာဖျား သေဆုံး ခဲ့ရ ကြောင်း ပြောနေ ကြတယ် လို့ ပါကစ္စတန် နိုင်ငံ ထဲက အရုဏ်ဦး ဆိုတဲ့ အင်တာနက် ဝက်ဆိုက် စာမျက်နှာ မှာ ဖော်ပြ ထားပါတယ်။

ဟက်ကာနီ ရဲ့ မိသားစု နဲ့ နီးစပ် သူ တွေ က တော့ ဒီ သတင်း အပေါ် အငြင်းပွား နေ ကြ ပါတယ်။

ဟက်ကာနီ ရဲ့ သား ဖြစ်သူ ကို တာလီဘန် ဒုတိယ ခေါင်းဆောင် အဖြစ် ခန့်အပ် ကြောင်း လောလောလတ်လတ် မှာပဲ ကြေညာ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ