ကန်က ဂျပန်ကို ထောက်လှမ်းမှု ဝီကီလိခ် ဖော်ထုတ်

  • 31 ဇူလိုင် 2015
ဓာတ်ပုံ မူပိုင် AFP
Image caption အမေရိကန်က ဂျပန်ကို လျှို့ဝှက် ထောက်လှမ်းနေခဲ့တယ်လို့ ဝီကီလိခ် ပြော။

အမေရိကန် ပြည်ထောင်စုဟာ ဂျပန် နိုင်ငံရဲ့ ထိပ်တန်း နိုင်ငံရေး သမားတွေနဲ့ စီးပွားရေး ခေါင်းဆောင်တွေကို ဆယ်စုနှစ် တစ်ခုနီးပါး ကြာအောင် လျှို့ဝှက် ထောက်လှမ်း နေခဲ့တယ်လို့ ဝီကီလိခ်က ထုတ်ပြန်တဲ့ စာရွက်စာတန်းတွေ အရ သိရပါတယ်။

ဝီကီလိခ် စာမျက်နှာမှာ ဖော်ပြထားတဲ့ အမေရိကန်က ခိုးနားထောင်ခဲ့တယ် လို့ဆိုတဲ့ တယ်လီဖုန်း နံပါတ် စာရင်းထဲမှာ ဂျပန် အစိုးရအဖွဲ့ ရုံး၊ ဂျပန် အရာရှိများ ဘဏ်နဲ့ ဂျပန် ထိပ်တန်း ကုမ္ပဏီတွေရဲ့ နံပါတ်တွေ ပါဝင် နေပါတယ်။

ထိပ်တန်း လျှို့ဝှက် ဆိုပြီး ခေါင်းစဉ် တပ်ထားတဲ့ အမေရိကန် ထောက်လှမ်းရေး စာတန်း တစ်ခုကိုလည်း ဖော်ပြထားပြီး၊ အဲဒီထဲမှာ ဂျပန်မှာ ပြုလုပ်တဲ့ ရာသီဥတု ပြောင်းလဲမှု၊ နိုင်ငံတကာ ကုန်သွယ်ရေး မူဝါဒတွေနဲ့ ပတ်သက်တဲ့ အရေးကြီး ဆွေးနွေးချက်တွေကို ဖော်ပြ ထားတာ တွေ့ရပါတယ်။

အာရှ ပစိဖိတ် ဒေသမှာ အမေရိကန်ရဲ့ အရင်းနှီးဆုံး မိတ်ဆွေနိုင်ငံ ဖြစ်တဲ့ ဂျပန်ကတော့ ဝီကီလိခ်ရဲ့ အခု ဖော်ထုတ်ချက်တွေနဲ့ ပတ်သက်ပြီး တစုံတရာ တုံ့ပြန်ခြင်း မရှိသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ