တားမြစ်ဆေးသုံးတဲ့ အထဲမှာ ဆုတံဆိပ်ရသူတွေ လည်း ပါနိုင်

  • 2 ဩဂုတ် 2015
တားမြစ်ဆေး ဓာတ်ပုံ မူပိုင် Getty Images
Image caption တားမြစ်ဆေး သွေးစစ်ချက် လုပ်နေပုံ

အားကစားသမားတွေ တားမြစ်ဆေး သုံးစွဲတာကို ဆန့်ကျင်တဲ့ နိုင်ငံတကာ အဖွဲ့ချုပ် WADA က အားကစားသမား တွေ တားမြစ်ဆေးသုံးစွဲ တယ်ဆိုတဲ့ စွပ်စွဲချက်အသစ် တွေ က သူတို့ကို သတိပေး သံချောင်းခေါက် နေသလို ဖြစ်နေပြီလို့ ပြောပါတယ်။

နိုင်ငံတကာ ပြေးခုန်ပစ်အားကစား သမား ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ IAAF က ထွက်လာတဲ့ သွေး စစ်ဆေးချက်တွေ မှာ ၂၀၀၁ က နေ ၂၀၁၂ အတွင်း အိုလံပစ်ပြိုင်ပွဲတွေ နိုင်ငံတကာ ပြေးခုန်ပစ် ပြိုင်ပွဲတွေမှာ ဆုရ ခဲ့သူ အားလုံးရဲ့ ၃ ပုံ ၁ ပုံလောက် ဟာ တားမြစ်ဆေးသုံး ထားတယ် ဆိုတဲ့ မသင်္ကာ စရာ သွေးစစ်ချက် တွေ ကို တွေ့ခဲ့ ရ ပါတယ်။