ဂရိ အစုရှယ်ယာ စျေးကွက် ပြန်ဖွင့်

  • 3 ဩဂုတ် 2015
ဓာတ်ပုံ မူပိုင် epa
Image caption အလွန်အကျွံ ကျဆင်းတဲ့ စျေးနှုန်းတွေနဲ့ အေသင် အစုရှယ်ယာ စျေးကွက်ကို ပြန်ဖွင့်ခဲ့။

ဂရိနိုင်ငံမှာ သီတင်း ၅ ပတ်ကြာ ပိတ်ထားခဲ့တဲ့ အစုရှယ်ယာ စျေးကွက်ကို ဒီကနေ့ တနင်္လာနေ့က အေသင် မြို့တော်မှာ ပြန်ဖွင့်ခဲ့ရာမှာ ရှယ်ယာ စျေးနှုန်းတွေ အလွန်အကျွံ ကျဆင်း ခဲ့ပါတယ်။

ဂရိ နိုင်ငံရဲ့ အဓိက ညွှန်းကိန်းမှာ ၂၂ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပြီး ဂရိ ဘဏ်ကြီးတွေမှာ ရောင်းတဲ့ ရှယ်ယာစျေးတွေ ဟာလည်း အနိမ့်ဆုံး ခွင့်ပြု သတ်မှတ် စျေးဖြစ်တဲ့ ၃၀ ရာခိုင်နှုန်း အထိ ကျဆင်းခဲ့ပါတယ်။

အေသင်မြို့က အစုရှယ်ယာ စျေးကွက်ကို ဂရိ နိုင်ငံရဲ့ ဘဏ္ဍာရေး အကျပ်အတည်း အထွတ်အထိပ် ရောက်ခဲ့တဲ့ ပြီးခဲ့တဲ့ ဇွန်လ ကတည်းက ပိတ်ထား ခဲ့တာပါ။

ဒေသတွင်း ရင်းနှီး မြှုပ်နှံသူတွေ အနေနဲ့ သူတို့ ဘဏ်စာရင်း တွေထဲက ငွေတွေနဲ့ ရှယ်ယာတွေ ဝယ်ခွင့် မရှိဘူး ဆိုတဲ့ ကန့်သတ်ချက်မျိုးလို ရှယ်ယာ အရောင်း အဝယ်နဲ့ ပတ်သက်တဲ့ ကန့်သတ်ချက် တချို့ကတော့ ရှိနေ ပါသေးတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ