ကာ​ဘွန်​ဒိုင်​အောက်​ဆိုဒ် လျှော့​ချ​ရေး​ကို အမေ​ရိ​ကန်​က ဦးဆောင်​မယ့် အစီစဉ်​သစ် ပေါ်ထွက်​လာ

  • 3 ဩဂုတ် 2015
obama_climate ဓာတ်ပုံ မူပိုင်
Image caption အမေရိကန် ပြည်ထောင်စု ရဲ့ ကာဘွန်ဒိုင် အောက်ဆိုက်ဒ် ဓာတ်ငွေ့ ထုတ်လွှတ် မှု ပမာဏ ကို ၃ ပုံ ၁ ပုံ နီးပါး ထိ လျှော့ချ ဖို့ အထိ သမ္မတ အိုဘားမား ရဲ့ အစီအစဉ် က ရည်မှန်း။

ရာသီဥတု ပြောင်းလဲမှု ကို ထိန်းချုပ် ကိုင်တွယ် ဖို့ရာ လုပ်ဆောင် ကြမယ့် အရေး အကြီးဆုံး ခြေလှမ်း လို့ အမေရိကန် သမ္မတ အိုဘားမား က သုံးစွဲ ခဲ့တဲ့ လုပ်ငန်း အစီအစဉ် ထွက်ပေါ် လာပြီ ဖြစ်ပါတယ်။

ကမ္ဘာကြီး ပေါ် က လက်ရှိ မျိုးဆက် ကမှ ဒီ ပြဿနာ ကို မကိုင်တွယ် ရင် မဖြစ် သာ တော့ တဲ့ အခြေ အနေ မှာ အမေရိကန် ပြည်ထောင်စု အနေ နဲ့ လည်း ပါဝင် လုက်ဆောင် ရ မှာ ဖြစ်တယ် လို့ သမ္မတ အိုဘားမား က ပြောပါတယ်။

အမေရိကန် ပြည်ထောင်စု ရဲ့ ကာဘွန်ဒိုင် အောက်ဆိုက်ဒ် ဓာတ်ငွေ့ ထုတ်လွှတ် မှု ပမာဏ ကို ၃ ပုံ ၁ ပုံ နီးပါး ထိ လျှော့ချ ဖို့ အထိ သမ္မတ အိုဘားမား ရဲ့ အစီအစဉ် က ရည်မှန်း ထားပါတယ်။

ဒါဟာ အရင်တုန်း က ယူဆ ထားကြတဲ့ ပမာဏ တွေ ထက် ပိုပြီး လျှော့ချ မယ် လို့ သမ္မတ အိုဘားမား က ပြောလိုက် တာပဲ ဖြစ်ပါတယ်။

လာမယ့် ဒီဇင်ဘာ ကျရင် ပါရီ မြို့တော်မှာ ပြုလုပ်မယ့် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ နိုင်ငံတကာ ညီလာခံ မတိုင်ခင် ထွက်ပေါ် လာတဲ့ အမေရိကန် ရဲ့ ရည်မှန်းချက် အစီအစဉ် ဟာ ကျန် နိုင်ငံတွေ အပေါ် မှာပါ ဖိအားပေး သလိုမျိုး သက်ရောက် လိမ့်မယ် ဆိုပြီး သတင်းထောက် တွေက ပြောပါတယ်။

သမ္မတ အိုဘားမားရဲ့ ရည်မှန်းချက် အစီအစဉ် ကို ကုလသမဂ္ဂ နဲ့ ဥရောပ သမဂ္ဂ အဖွဲ့ တွေ က အသီးသီး ကြိုဆို ခဲ့ ကြ ပေမယ့်၊ အမေရိကန် ပြည်ထောင်စု အတွင်း မှာ တော့ အတိုက်အခံ ရီပတ်ဘလေကဲန် တွေက အတော်လေး ကို ပြင်းပြင်း ထန်ထန် ဝေဖန် နေကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ