ယီမင် လေတပ်စခန်းကို အစိုးရတပ်တွေ ပြန်သိမ်းနိုင်

  • 4 ဩဂုတ် 2015
ဓာတ်ပုံ မူပိုင် epa
Image caption အေဒင်မြို့ တဝိုက်မှာ သံချပ်ကာ ယာဉ်တွေကို တွေ့ရ။

ယီမင် နိုင်ငံမှာ ဟွတ်သီ သူပုန်တွေ သိမ်းပိုက်ထားတဲ့ အကြီးဆုံး လေတပ်စခန်းကို ယီမင် အစိုးရကို ထောက်ခံတဲ့ တပ်တွေက ပြန်လည် သိမ်းယူ လိုက်နိုင်ပြီလို့ အရာရှိတွေက ပြောပါတယ်။

အေဒင်မြို့ မြောက်ဘက်က အယ် အန်နတ် al-Anad လေတပ် စခန်းကို သိမ်းယူနိုင်ဖို့ ဟွတ်သီ သူပုန်တွေနဲ့ အစိုးရ တပ်တွေ အကြား အခုရက်ပိုင်းအတွင်း ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာမှာ အသေအပျောက် အများအပြား ရှိခဲ့ပါတယ်။

ယီမင် အစိုးရကို ထောက်ခံတဲ့ တပ်ဖွဲ့တွေဟာ ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ လေကြောင်း ပစ်ကူတွေနဲ့ ပြီးခဲ့တဲ့ သီတင်းပတ် ၂ ပတ်က အေဒင်မြို့ကို သိမ်းပိုက် နိုင်ခဲ့ပြီးနောက် အခုအခါ အယ် အန်နတ် လေတပ်စခန်းကို သိမ်းပိုက် နိုင်ခဲ့တာပါ။

ယီမင် နိုင်ငံ ဒေသ အတော်များများကို ထိန်းချုပ်ထားတဲ့ ဟွတ်သီ သူပုန်တွေကို နှိမ်နင်းဖို့ အရေးမှာ ဆော်ဒီ အာရေဗျက ဦးစီး ဆောင်ရွက် နေတာ ဖြစ်ပါတယ်။

ဆော်ဒီ အာရေဗျ ဦးဆောင်တဲ့ မဟာမိတ် အဖွဲ့ထဲမှာ ပါဝင်တဲ့ ယူအေအီး နိုင်ငံရဲ့ တပ်ဖွဲ့တွေနဲ့ သံချပ်ကာ ယာဉ်တွေဟာလည်း အေဒင်မြို့မှာ ရောက်ရှိ နေတယ်လို့ သိရှိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ