လေယာဉ်အစိတ် အပိုင်းဟာ မလေးရှား ပျောက်ဆုံး လေယာဉ်မှဖြစ်

  • 5 ဩဂုတ် 2015
လေယာဉ်အစိတ်အပိုင်းကို ကျွန်းပေါ်မှာတွေ့ ဓာတ်ပုံ မူပိုင် Reuters
Image caption လေယာဉ်အစိတ်အပိုင်းကို ကျွန်းပေါ်မှာတွေ့

အိန္ဒိယ သမုဒ္ဒရာထဲက ပြင်သစ်ပိုင် Reunion ကျွန်းမှာရှာဖွေ တွေ့ရှိတဲ့ လေယာဉ် အပျက်အစီးဟာ ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ် MH 370 ရဲ့အစိတ်အပိုင်း ဖြစ်တယ်လို့ ဝန်ကြီးချုပ်နာဂျစ် ရာဇတ် ကအတည်ပြု ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်လတုန်းက ပျောက်ဆုံးသွားတဲ့ မလေးရှား လေကြောင်းပိုင် ဘိုရင်းလေယာဉ် ခရီးစဉ်အမှတ် MH370ရဲ့အစိတ်အပိုင်း ဖြစ်တယ်ဆိုတာကို လေကြောင်းဆိုင်ရာ ကျွမ်းကျင်သူတွေက ပြင်သစ်နိုင်ငံမှာ စစ်ဆေးပြီး အတည်ပြုလိုက်တာလို့ မလေးရှား ဝန်ကြီးချုပ်က ဆိုပါတယ်

ပြင်သစ်အမှုလိုက် အရာရှိ တယောက်ကတော့ ပိုခိုင်လုံတိကျတဲ့ သတင်း အချက်အလက်ရအောင် နောက်ထပ်စမ်းသပ်မှုတွေ ဆက်လုပ်ရမယ်လို့ ပြောပါတယ်။ လေယာဉ်နဲ့အတူ ခရီးသည် ၂၃၉ယောက်စလုံး ပျောက်ဆုံးနေပြီး ကမ္ဘာပေါ်မှာ အထူးဆန်းဆုံး လေကြောင်းဆိုင်ရာ ဖြစ်ရပ်လို့ဆိုနိုင်ပါတယ်။