MH370 အစိတ်အပိုင်း ဟုတ်မဟုတ် စတင် စစ်ဆေး

  • 5 ဩဂုတ် 2015
ဓာတ်ပုံ မူပိုင် AP
Image caption လေယာဉ် တောင်ပံ အစိတ်အပိုင်းနဲ့ အတူ လေယာဉ်ပျက်က အကြွင်းအကျန်တွေလို့ ယူဆရတဲ့ အစအန အချို့ကို ရီယူနီယံကျွန်းမှာ တွေ့ခဲ့ရ။

ရီယူနီယံ ကျွန်းပေါ်မှာ တွေ့ခဲ့ရတဲ့ လေယာဉ် တောင်ပံ အစိတ်အပိုင်းဟာ မလေးရှား လေယာဉ် MH370 ရဲ့ အစိတ်အပိုင်း ဟုတ်မဟုတ် သိရဖို့ ပြင်သစ် နိုင်ငံမှာ ကျွမ်းကျင်သူတွေက ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ စတင် စစ်ဆေးမှာ ဖြစ်ပါတယ်။

အဲဒီ အစိတ်အပိုင်းဟာ ဘိုရင်း ၇၇၇ အမျိုးအစား လေယာဉ်ရဲ့ အစိတ်အပိုင်း ဖြစ်ပြီး MH370 လေယာဉ်နဲ့ အမျိုးအစားချင်း တူပါတယ်။

စစ်ဆေးမှုမှာ ကူညီဖို့အတွက် မလေးရှားနဲ့ သြစတြေးလျ ကျွမ်းကျင်သူတွေကိုလည်း ပြင်သစ် တောင်ပိုင်းက Toulouse မြို့ဆီ ဖိတ်ခေါ် ထားပါတယ်။

MH370 ရဲ့ အစိတ်အပိုင်း ဟုတ်မဟုတ် အဖြေကို အခု သီတင်းပတ် အတွင်းမှာ ပြောကောင်း ပြောနိုင်လိမ့်မယ်လို့ သြစတြေးလျ ဒုတိယ ဝန်ကြီးချုပ် Warren Truss က ပြောပါတယ်။

၂၀၁၄ ခုနှစ် မတ်လက ကွာလာလမ်ပူ မြို့ကနေ ဘေဂျင်းမြို့ကို လူ ၂၃၉ ဦး တင်ဆောင် ပျံသန်းခဲ့တဲ့ MH370 လေယာဉ်ဟာ ဘာအကြောင်းတွေကြောင့် သူ့လမ်းကြောင်းကနေ သွေဖည်ခဲ့ရသလဲ ဆိုတာကိုလည်း ခုထိ မသိရသေးပါဘူး။

သမုဒ္ဒရာ အတွင်း ရှာဖွေရေးတွေကို အကြီးအကျယ် လုပ်ဆောင်ခဲ့ရာမှာ လေယာဉ်ရဲ့ အစအနကို မတွေ့ရသေးပေမယ့်လည်း လေယာဉ်ဟာ သမုဒ္ဒရာထဲ ပျက်ကျခဲ့တယ်လို့ ယူဆ ထားကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ