ဟီရိုရှီးမားကို ဗုံးကြဲတာ မှန်သလား

  • 6 ဩဂုတ် 2015
Hiroshima ဓာတ်ပုံ မူပိုင် AFP
Image caption ဟီရိုရှီးမား အနုမြူဗုံး ကြဲခံရမှု နှစ် ၇၀ ပြည့် အထိမ်း အမှတ်တွေ ကျင်းပ

ဂျပန် နိုင်ငံ ဟီရိုရှီးမား မြို့ပေါ် ကို ကမ္ဘာ့ ပထမဆုံး အဏုမြူဗုံး ကြဲခဲ့တဲ့ နှစ်၇၀ ပြည့် အထိမ်း အမှတ်တွေ ကို ဂျပန် နိုင်ငံမှာ ကျင်းပခဲ့ ပါတယ်။

ဟီရိုရှီးမား မြို့ ငြိမ်းချမ်းရေး ဥယျာဉ်ကြီးမှာ ပြုလုပ်တဲ့ အခမ်း အနားမှာ ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေးက ကမ္ဘာကြီးမှာ နျူကလီးယား လက်နက် ဖျက်သိမ်း ကြဖို့ မေတ္တာ ရပ်ခံ လိုက် ပါတယ်။

ဒီတိုက်ခိုက်မှု အတွက် ဂျပန် ပြည်သူ တွေနဲ့ တကမ္ဘာ လုံးက အခု အချိန် အထိ ဝမ်းနည်း ကြေကွဲ အမှတ်ရ နေဆဲ ဖြစ်ပါတယ်။

အနှစ် ၇၀ မြောက် ဝမ်းနည်းခြင်း အမှတ်ရ အခမ်း အနားကို ဟီရိုရှီးမား မြို့သူ မြို့သား ၄ သောင်း ကျော် စုရုံး တက်ရောက် ခဲ့ကြ ပါတယ်။

အမေရိကန် တို့ ဟီရိုရှီမား မြို့ပေါ် အဏုမြူဗုံး ကြဲခဲ့ ချိန်က ချက်ခြင်း ဆိုသလို လူပေါင်း ၇ သောင်းကျော် သေဆုံး ခဲ့ရ တာပါ။

နောက်ပိုင်း တဖြည်းဖြည်းနဲ့ ဗုံးဒဏ်ကြောင့် ဓာတ်ရောင်ခြည် သင့်တာ၊ အဆိပ်သင့် တာတွေ ကြောင့် သေဆုံး သူဟာ ၁ သိန်းကျော် ရှိခဲ့ ပါတယ်။

အဲဒီဗုံးဟာ TNT ယန်း တန်ချိန် ၂ သောင်း အားနဲ့ ညီမျှ ပြီး ဗုံးပေါက်တဲ့ အချိန် မြို့ရဲ့ အပူချိန် ဟာလည်း ၆၀၀၀ ဒီဂရီ စင်တီဂရိတ် အထိ ရောက်ရှိ သွားခဲ့ ပါတယ်။

ဗုံးပေါက် ကွဲမှု အရှိန်က မြို့အထက် ကောင်းကင်ယံ ပေ ထောင့် ရှစ်ရာ အထိ ရောက်ရှိခဲ့ ပါတယ်။

ဟီရိုရှီးမား ကို ကြဲပြီးနောက် ၃ ရက်မှာတော့ နာဂါဆာကီ မြို့ကို ဒုတိယ မြောက် အဏုမြူဗုံး ကျဲချပြီး ဒုတိယ ကမ္ဘာစစ် လည်း အဆုံး သတ်စေ ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် ဗုံးကြဲလေယာဉ် B 29 ကနေ Little Boy လို့ နာမည်ဝှက် ပေးထားတဲ့ အဏုမြူ ဗုံးကို ကြဲချ ခဲ့တာ ဖြစ်ပါတယ်။

အနုမြူဗုံး ထုတ်လုပ် ရာမှာ ပါဝင် ခဲ့တဲ့ အမေရိကန် စစ် အင်ဂျင်နီယာ ဖြစ်ခဲ့သူ ဘန်ဂျမင် ဘတ်ဒ်ဒါဆန်က ဗုံး မကြဲချခင် ကတည်းက ဒါဟာ အင်မတန် ကြောက် စရာ ကောင်းလိမ့် မယ် ဆိုတာ သိခဲ့တယ်။

အရင် ဗုံးကြဲ ခဲ့ဖူးတဲ့ အနိဌာရုံတွေ ကိုလည်း တွေ့ဖူး ပေမဲ့ အဲဒီ ကာလက စစ်ဖြစ် နေလို့ တကမ္ဘာလုံး မှာ လူ သန်းနဲ့ချီ သေဆုံး နေခဲ့လို့ စစ် အဆုံး သတ်ဖို့ အခုလို လုပ်ခဲ့ ရတာ လို့ ပြောပါတယ်။

ဒါပပေမဲ့ အမေရိကန် တို့ အနေနဲ့ အရက်စက် ဆုံး စစ်ဆင်မှု တခုကို ဆောင်ရွက်ခဲ့ လေသလား ဒါမှ မဟုတ် ငြိမ်းချမ်းရေး အတွက် စစ်ပွဲ တစ်ခုကို မဖြစ် မနေ တိုက်ခဲ့ လေသလား ဆိုတာ ကတော့ ဆက်ပြီး မေးခွန်းထုတ် စရာ ဖြစ်နေ ပါတယ်။