ဘင်္ဂလားဒေ့ရှ် ဘလော့ဂါ ၄ ဦးမြောက် အသတ်ခံရ

ဓာတ်ပုံ မူပိုင် Facebook
Image caption ဘာသာမဲ့ အမြင်တွေ ရေးသားသူ နီလွိုင် နီးလ်ဟာ ဟိန္ဒူမျိုးရိုးက ဖြစ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဘာသာမဲ့ အမြင်တွေကို ရေးသားတဲ့ ဘလော့ဂါ တစ်ဦး ထပ်မံ သတ်ဖြတ် ခံခဲ့ရပါတယ်။

နီလွိုင် နီးလ် ဆိုသူဟာ ဘင်္ဂလားဒေ့ရှ်မှာ အခုနှစ် အတွင်း ၄ ယောက်မြောက် အသတ်ခံရတဲ့ ဘလော့ဂါ ဖြစ်သွားပါတယ်။

သူဟာ လူနည်းစု ဟိန္ဒူ မျိုးရိုးက ဆင်းသက် လာသူ ဖြစ်ပါတယ်။ သူ့ရဲ့ အလောင်းကို ဒါကာ မြို့တော်က သူ့နေအိမ်မှာ တွေ့ခဲ့ကြတာပါ။

သူဟာ အစ္စလာမ္မစ် ထုံးစံတွေကို ဆန့်ကျင်သူ၊ ဘာသာမဲ့ အမြင်တွေကို အင်တာနက်ပေါ်မှာ ရေးသားသူ အဖြစ် သူ့ကို သိကြတယ်လို့ မွတ်ဆလင် အများစု ကြီးစိုးတဲ့ ဘင်္ဂလားဒေ့ရှ်က တခြား ဘလော့ဂါတွေက ပြောပါတယ်။

နီလွိုင်နီးလ်ဟာ သူ့ရဲ့ အသက် အန္တရာယ် အတွက် စိုးရိမ်ကြောင်း ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ဖူး ပေမယ့် အရေးတယူ ဆောင်ရွက်တာ မရှိခဲ့ဘူးလို့ ဒါကာ မြို့က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ