ထိုင်းဘုရင်ကို စော်ကားမှု၊ ထောင် အနှစ် ၃၀ ချမှတ်

ဓာတ်ပုံ မူပိုင် AFP
Image caption ထိုင်းဘုရင်အပေါ် ဝေဖန်မှုတွေကို တင်းကျပ်တဲ့ ဥပဒေနဲ့ ကာကွယ်ထား။

ထိုင်းနိုင်ငံမှာ ဘုရင် မိသားစုကို စော်ကားမှုနဲ့ လူ တစ်ဦးကို ထိုင်း တရားရုံး တစ်ရုံးက ထောင်ဒဏ် အနှစ် ၃၀ ချမှတ် လိုက်ပါတယ်။ ဒါဟာ ထိုင်းနိုင်ငံမှာ တော်ဝင် မိသားစု အပေါ် အကြည်ညို ပျက်စေမှု ပုဒ်မနဲ့ တရားစွဲ ထောင်ချမှုတွေထဲမှာ အပြင်းထန်ဆုံး အပြစ်ဒဏ် ဖြစ်ပါတယ်။

၄၈ နှစ် အရွယ် ပုန်ဆက် ဆရီဘွန်ပန်း ဆိုသူဟာ ဖေ့စ်ဘွတ်ပေါ်မှာ ထိုင်းဘုရင်ကို အသေရဖျက်တဲ့ စာတွေ ရေးတင်ခဲ့မှုနဲ့ ပြစ်မှု ထင်ရှား ခဲ့တာ ဖြစ်ပါတယ်။

လူတွေရဲ့ ဝေဖန်မှုတွေကနေ ကင်းလွတ်ဖို့ ထိုင်းဘုရင် ဘူမိဘောကို တင်းကျပ်တဲ့ ဥပဒေနဲ့ အကာအကွယ် ပြုပေးထားတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ တော်ဝင်မိသားစု အပေါ် အကြည်ညိုပျက်စေမှု ဥပဒေကို စစ်အာဏာ သိမ်းပြီး နောက်ပိုင်းမှ တိုးတက် အသုံးပြု လာခဲ့တာပါ။ ထိုင်း အခွင့်အရေး လှုပ်ရှားမှု အဖွဲ့ တစ်ခုရဲ့ အဆိုအရ စစ်အာဏာ မသိမ်းမီက အလားတူ အမှု ၂ မှုသာ ရှိခဲ့ပေမယ့် စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ ၅၆ မှု အထိ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

ဖေ့စ်ဘွတ်ပေါ် တင်ခဲ့တဲ့ ပုန်ဆက်ရဲ့ ပို့စ် ၆ ခု အတွက် တစ်ခုကို ထောင်ဒဏ် ၁၀ နှစ်စီ အစောပိုင်းက ချခဲ့တာ ဖြစ်ပြီး၊ နောက်ပိုင်း အယူခံ ဝင်တဲ့ အခါမှသာ ထောင်ဒဏ် နှစ် ၆၀ ကနေ တစ်ဝက်ကို လျှော့ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ