Soudelor တိုင်​ဖွန်း တရုတ်​ပြည်​ထဲ​ကို​ပါ ဝင်ရောက်

  • 8 ဩဂုတ် 2015
_typhoon_soudelor
Image caption လူပေါင်း ၁သိန်း ခြောက်သောင်း နီးပါး ကို သူတို့တွေ ရဲ့ နေအိမ်တွေ ကနေ ရွှေ့ပြောင်း ပေးခဲ့ရ။

တရုတ်ပြည် အရှေ့တောင်ပိုင်း ဒေသ ကို အားပြင်းတဲ့ တိုင်ဖွန်း မုန်တိုင်း ဆောင်ဒါလော Soudelor ဝင်ရောက် ခဲ့လို့ နေရာ တော်တော်များများ မှာ လျှပ်စစ်နဲ့ ရေ တွေ ပြတ်တောက် ကုန်ပါတယ်။

ဖူးကျန့် နယ်ထဲ မှာ လေပြင်းပြီး မိုးကြီး ခဲ့လို့ လမ်းတွေ ပိတ်ဆို့ကာ ရေကြီး ခဲ့ပါတယ်။

ရထား နဲ့ လေယာဉ် ခရီးစဉ် အများအပြား လည်း ဖျက်သိမ်း ခဲ့ရတဲ့ အတွက် ခရီးသည် အများအပြား လည်း သောင်တင် နေကြ ရပါတယ်။

လူပေါင်း ၁သိန်း ခြောက်သောင်း နီးပါး ကို သူတို့တွေ ရဲ့ နေအိမ်တွေ ကနေ ရွှေ့ပြောင်း ပေးခဲ့ရပါတယ်။

အဲဒီ့ တိုင်ဖွန်း ဆောင်ဒါလော ဝင်ရောက် ခဲ့တဲ့ ထိုင်၀မ်ကျွန်းပေါ် မှာလည်း တစ်ကျွန်းလုံး အနှံ့ အိမ်တွေ သန်းနဲ့ ချီပြီး စနေနေ့ မနက် ပိုင်း က လျှပ်စစ် ပြတ်တောက် ခဲ့ရပါတယ်။

ထိုင်၀မ်ကျွန်းပေါ် မှာ စံချိန်တင် အောင် လေပြင်း တိုက်ခတ်ခဲ့တဲ့ အတွက် မြို့တော် ထိုင်ပေ မှာ ဆိုရင် သစ်ပင်ပေါင်း ၂ ထောင်ကျော် အမြစ်က ကျွတ်ပြီး လဲကျ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ