ပင်​လယ်အော် ညစ်ညမ်း​နေ​လို့ ရီ​ယို​မြို့​မှာ လှေ​တွေ​တန်း​စီ ဆန္ဒ​ပြ

_rio_pollution_protest_guanabara_bay
Image caption လာမယ့် ၂၀၁၆ မှာ အိုလံပစ် ပွဲတော် ကို ရီယို မြို့ က အိမ်ရှင် အဖြစ် လက်ခံ ကျင်းပ ပေးတဲ့ အခါ အဲဒီ့ ဂွမ်နာဘားရား ပင်လယ်အော် မှာ ရွက်လှေ ပြိုင်ပွဲ တွေ ကျင်းပ မှာ ဖြစ်ပါတယ်။

ဘရာဇီးနိုင်ငံ ရဲ့ အဓိက ပင်လယ် ဆိပ်ကမ်း မြို့ကြီး ဖြစ်တဲ့ ရီယိုဒါဂျနီရိုး Rio de Janeiro မှာ လှေ အစင်း ၃၀ ကျော် အပါအဝင် တခြား အမျိုးစား ရေယာဉ် တွေ စုပေါင်းကာ ဂွမ်နာဘားရား Guanabara ပင်လယ်အော် တလျှောက် စီတန်း ခုတ်မောင်းခဲ့ ပြီး အဲဒီ့ ရေပြင်မှာ ရေထု ညစ်ညမ်း မှုတွေ ဆိုးရွားစွာ ဖြစ်ပေါ် နေတာ ကို ကန့်ကွက် ဆန္ဒပြ ခဲ့ ကြ ပါတယ်။

လာမယ့် ၂၀၁၆ မှာ အိုလံပစ် ပွဲတော် ကို ရီယို မြို့ က အိမ်ရှင် အဖြစ် လက်ခံ ကျင်းပ ပေးတဲ့ အခါ အဲဒီ့ ဂွမ်နာဘားရား ပင်လယ်အော် မှာ ရွက်လှေ ပြိုင်ပွဲ တွေ ကျင်းပ မှာ ဖြစ်ပါတယ်။

ပင်လယ်အော် ရဲ့ ရေထု ဘယ်လောက် ညစ်ညမ်း နေသလဲ ဆိုတာ မီးမောင်းထိုး ဖော်ပြဖို့ အတွက် ရွက်လှေ တွေ၊ အပျော်စီး ခရီးသည်တင် လှေတွေ၊ ကနူးလှေတွေ နဲ့ ငါးဖမ်းလှေတွေ အပါအဝင် လှေ အမျိုးစား ပေါင်းစုံ ဟာ ၇ မိုင်ခွဲ နီးပါး ရှိတဲ့ ပင်လယ်အော် ကို ဖြတ်သန်း ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီပင်လယ်အော် ထဲ ကို အိမ်သာ အညစ်အကြေး တွေ စွန့်ပစ်မှု လျှော့ကြမယ် ဆိုပြီး ရီယို မြို့ အာဏာပိုင် တွေ က လွန်ခဲ့တဲ့ ၆ နှစ် ကျော် ကတည်းက ကတ်ပြုခဲ့ ကြပေမယ့်၊ ဆောက်လုပ်ဖို့ စီစဉ်ထားတဲ့ အညစ်အကြေး စွန့် စက်ရုံ ၈ ရုံ ထဲ က ၁ ရုံ တည်းသာ အခုအချိန် အထိ တည်ဆောက် ပြီးစီး နိုင်ပါသေးတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ