ရွှေ့ပြောင်းသူတွေကြောင့် ဥရောပလူနေမှု ထိခိုက်နိုင်တယ်လို့ ပြော

  • 9 ဩဂုတ် 2015
philip_hammond ဓာတ်ပုံ မူပိုင် AFP
Image caption ဒုက္ခသည် အဖြစ် ခိုလှုံခွင့် လျှောက်ထား ဖို့ရာ မခိုင်လုံ သူတွေ ကို မူလ လာရာ နိုင်ငံတွေ ဆီ ပြန်ပို့ ရမယ်လို့ ဝန်ကြီး ဟာမန်ပြော။

အာဖရိကတိုက် ကနေ ရွှေ့ပြောင်း ဝင်ရောက် လာသူတွေ ကြောင့် ဥရောပ သမဂ္ဂ အီးယူ အဖွဲ့ ဝင် နိုင်ငံ တွေ ရဲ့ လူမှု အဆောက်အဦ နဲ့ လူနေမှု အဆင့်အတန်း အပေါ် ထိခိုက် နိုင်တဲ့ အန္တရာယ် ရှိလာတယ် ဆိုပြီး ဗြိတိန် ရဲ့ နိုင်ငံခြားရေး ဝန်ကြီး ဖိလစ် ဟာမန် က ပြောလိုက် ပါတယ်။

မစ္စတာ ဟာမန် သုံးနှုံး ခဲ့တဲ့ စကားရင်း အရ ပြောရရင် အာဖရိကတိုက် က သန်းပေါင်း များစွာသော ရွှေ့ပြောင်း သူတွေ ကို အီးယူ အနေနဲ့ စုပ်ယူ နိုင်စွမ်း မရှိဘူး လို့ ဆိုပါတယ်။

ဒုက္ခသည် အဖြစ် ခိုလှုံခွင့် လျှောက်ထား ဖို့ရာ မခိုင်လုံ သူတွေ ကို မူလ လာရာ နိုင်ငံတွေ ဆီ ပြန်ပို့ မှသာ အခု ဖြစ်ပေါ်နေတဲ့ ဥရောပ တိုက် ရဲ့ နယ်နိမိတ် လုံခြုံရေး အကြပ်အတည်း ကို ဖြေရှင်း နိုင် မှာ ဖြစ်တယ် လို့လည်း မစ္စတာ ဟာမန် က ပြောပါတယ်။

အခု လတွေ အတွင်း သောင်း ဂဏာန်း အရေအတွက် အတော်များတဲ့ သူတွေ ဟာ မြေထဲပင်လယ် ကို အသက်နဲ့ရင်း ကျော်ဖြတ်ကြရင်း ဥရောပ ထဲကို ဝင်ရောက် နိုင်ဖို့ ကြိုးစား ခဲ့ကြပါတယ်။

ထောင်ပေါင်း များစွာသော သူတွေ ဟာလည်း ဗြိတိန် နဲ့ ပြင်သစ် ၂ နိုင်ငံ ရေလက်ကြား ရေအောက် ကနေ ဆက်သွယ်ထားတဲ့ ဥမင် လှိုင်ခေါင်းကနေ တဆင့် ဗြိတိန် နိုင်ငံထဲ ကို ဝင်ရောက် နိုင်ဖို့ အတွက် ကြိုးစား ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ