ဂျူးအစွန်းရောက် တွေ ကို အစ္စရေး ရဲ က ဖမ်းဆီး

  • 9 ဩဂုတ် 2015
jews arson ဓာတ်ပုံ မူပိုင် AFP
Image caption မီးရှို့တိုက်ခိုက်စဉ် က ကလေးငယ် တယောက်မီးလောင် သေဆုံးခဲ့

အစ္စရေးရဲတွေ က ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း က ပါလက်စတိုင်း အိမ်ယာတွေ ကိုမီးရှို့ တိုက်ခိုက်ခဲ့တယ် လို့ မသင်္ကာစရာ ဂျူး အစွန်းရောက် ၇ ယောက်ကို ဖမ်းဆီး ထိန်းသိမ်း လိုက်ပါတယ်။

ဇူလိုင်လ အတွင်းက ဖြစ်ခဲ့တဲ့ အဲဒီ မီးရှို့တိုက်ခိုက်မှုကြောင့် ဒူမာ ရွာမှာ ကလေးငယ် တယောက် နဲ့ သူ့ရဲ့ ဖခင်ဖြစ်သူ သေဆုံးခဲ့ရပါတယ်။

အနောက်ဖက်ကမ်း က ဂျူးတွေ အခြေစိုက် နေထိုင်ရာ နေရာ ၂ ခုမှာ ရဲတွေ က ဝင်စီးပြီး အဆိုပါ ဂျူးအစွန်းရောက် တွေ ကို ဖမ်းဆီးခဲ့တာပါ။