မက္ကဆီကိုမှာ တက်ကြွလှုပ်ရှားသူတစ်ဦး အသတ်ခံရ

  • 9 ဩဂုတ် 2015
_mexico ဓာတ်ပုံ မူပိုင် AFP
Image caption ကျောင်းသား ၄၃ဦး ရဲ့ ကျန်ရစ်သူ မိဘ ဆွေမျိုး တွေ အတွက် ကူညီ ဖွေရှာ ပေးနေသူ ပါ အသတ်ခံလိုက်ရ။

မက္ကဆီကို နိုင်ငံမှာ မနှစ် ကတည်းက ပျောက်ဆုံး နေခဲ့တဲ့ ကျောင်းသား ၄၃ဦး နဲ့ ပတ်သက်ပြီး ကျန်ရစ်သူ မိဘ ဆွေမျိုး တွေ အတွက် ကူညီ ဖွေရှာ ပေးနေသူ Miguel Angel Jimenez Blanco သေနတ်နဲ့ ပစ်သတ် ခံထား ရတာ ကို တွေ့ခဲ့ ရပါတယ်။

အနောက်တောင်ပိုင်း ပြည်နယ် Guerrero ထဲ က Xaltianguis ဆိုတဲ့ မြို့ မှာ ရှိတဲ့ သူ့ရဲ့ နေအိမ် အနီး ရပ်ထားတာ ကို တွေ့ရတဲ့ သူပိုင် တက္ကဆီ အငှားယာဉ် ကား ထဲ မှာ မစ္စတာ Blanco ရဲ့ အလောင်း ကို တွေ့ရှိ ခဲ့ရတာ ဖြစ်ပါတယ်။

မစ္စတာ Blanco ဟာ စနေနေ့ ကတည်းက အသတ် ခံထားရတာ ဖြစ်ပါတယ်။

Guerrero ပြည်နယ်ထဲ က နောက်ထပ် တစ်မြို့ ဖြစ်တဲ့ Iguala မှာ ကျောင်းသား ၄၃ ဦး ပျောက်ဆုံး မှု ဖြစ်ပေါ် ခဲ့ပြီး၊ အဲဒီ့ နောက်မှာတော့ ဒေသတွင်း ကြီးစိုးနေတဲ့ မူးယစ်ဂိုဏ်း တွေ ရဲ့ အကြမ်းဖက်မှု တွေ ကြောင့် လူတွေ ရာနဲ့ချီ ပြီး ပျောက်ဆုံး နေကြရတဲ့ အဖြစ် ကို လူအများ သတိထား လာ မိခဲ့ကြတာ ဖြစ်ပါတယ်။

ဒီ အရေးနဲ့ ပတ်သက်ပြီး အစိုးရ ဘက်က တာဝန်ယူ ကိုင်တွယ် ခြင်း မရှိတဲ့ အပေါ် မကျေနပ် တဲ့ စိတ်နဲ့ လူမှုရေး တက်ကြွ လှုပ်ရှားသူ မစ္စတာ Blanco ဟာ ကျောင်းသား ၄၃ ဦး ပျောက်ဆုံး နေတာ ကို ဖွေရှာမှု တွေ ဦးဆောင် ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ