လူ​မည်း​ဆယ်ကျော်​သက် သေ​နတ်​နဲ့​လည်း​အပစ်​ခံ​ရ တရား​လည်း​အစွဲခံရ

_ferguson_ ဓာတ်ပုံ မူပိုင်
Image caption တိုင်ရုန်း ဟဲရစ် ဟာ ရရှိထားတဲ့ သေနတ်ဒဏ်ရာ ကြောင့် ဆေးရုံ ပေါ်မှာ စိုးရိမ်ရ တဲ့ အနေအထား မှာ ရှိနေပါတယ်။

အမေရိကန် ပြည်ထောင်စု ဖာဂူဆန် မြို့ မှာ ရဲတပ်ဖွဲ့ ရဲ့ ပစ်ခတ်မှု့ ကြောင့် အပြင်းအထန် ဒဏ်ရာ ရ ဆေးရုံ တင်ထား ရတဲ့ ၁၈ နှစ်သား အရွယ် လူမည်းလူငယ် Tyrone Harris ကို အမေရိကန် အစိုးရ ရှေ့နေ တွေ က ပုဒ်မ အမျိုးမျိုး တပ် တရားစွဲ လိုက်ပါတယ်။

လူမျိုးရေး ခွဲခြား ဆက်ဆံမှု ကို အမေရိကန် ရဲတပ်ဖွဲ့ က ပြုမူ ကျင့်သုံး နေတယ် ဆိုပြီး ဆန့်ကျင် ခဲ့ကြတဲ့ ဖာဂူဆန် မြို့ ဆန္ဒပြပွဲ အပြီး ပစ်ခတ်မှု တွေ ဖြစ်ပေါ် ခဲ့တာပါ။

တိုင်ရုန်း ဟဲရစ် ဟာ ရရှိထားတဲ့ သေနတ်ဒဏ်ရာ ကြောင့် ဆေးရုံ ပေါ်မှာ စိုးရိမ်ရ တဲ့ အနေအထား မှာ ရှိနေပါတယ်။

ရဲ အမှုထမ်း ကို ကိုယ်ထိ လက်ရောက် ကျုးလွန် တိုက်ခိုက် မှု အပါအဝင် တခြား ပုဒ်မ တွေ နဲ့ တိုင်ရုန်း ဟဲရစ် ကို တရားစွဲ လိုက်တာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ ဘက်ကို သေနတ် နဲ့ ပစ်ခတ် ခဲ့တဲ့ ဆန္ဒပြသမား ၆ ဦး ထဲ မှာ တိုင်ရုန်း ဟဲရစ် လည်း တစ်ဦး အပါအဝင် ဖြစ်တယ် ဆိုပြီး ရဲတပ်ဖွဲ့ က ပြောနေပါတယ်။

တိုင်ရုန်း ဟဲရစ် ရဲ့ ဖခင် ဖြစ်သူ ကတော့ သူ့သား ဟာ ဘာ လက်နက် မှ ကိုင်ဆောင် မထားပဲ၊ အခင်းဖြစ်တဲ့ နေရာ ကနေ ထွက်ပြေး နေသူ တစ်ဦးသာ ဖြစ်တယ်လို့ ဆိုပါတယ်။

သူငယ်ချင်း ဖြစ်သူ မိုက်ကယ်ဘရောင်း တစ်ယောက် ရဲက ပစ်သတ်တာ ခံခဲ့ရတဲ့ နှစ်ပတ်လည် အထိမ်းအမှတ် ဆန္ဒပြပွဲ မှာ တိုင်ရုန်း ဟဲရစ် ပါဝင် ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ