ဆီး​ရီး​ယား​နယ်​ထဲ​မှာ စစ်​ကင်း​မဲ့​ဇုံ တူရကီ​ထော​င်လို

  • 11 ဩဂုတ် 2015
_davutoglu
Image caption လုံခြုံရေး အာမခံချက် ရှိတဲ့ ဇုံ တစ်ခု ဆီးရီးယားမြောက်ပိုင်းမှာ ဖော်ဆောင် ချင်တယ်လို့ တူရကီဝန်ကြီးချုပ်က ဘီဘီစီ နဲ့ အင်တာဗျုး မှာ ပြော။

တူရကီ နဲ့ နယ်စပ်ခြင်း ကပ်နေတဲ့ ဆီးရီးယား မြောက်ပိုင်း ထဲ မှာ တူရကီ နိုင်ငံ လုံခြုံရေး အတွက် ကင်းလွတ် နယ်မြေ တစ်ခု ဖော်ဆောင် ဖို့ ဆုံးဖြတ် ထားတဲ့ ဆိုပြီး တူရကီ ဝန်ကြီးချုပ် အာမက် ဒါဗူးတော်လူး က ပြောလိုက် ပါတယ်။

ဆီးရီးယား အစိုးရတပ် က ဖြစ်စေ၊ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS လက်နက်ကိုင် တွေ က ဖြစ်စေ အရပ်သား တွေ အပေါ် ရန်မူ တိုက်ခိုက် လို့ မရ နိုင်တဲ့ နယ်မြေ တစ်ခု ကို အမေရိကန် အပါအဝင် တခြား မဟာမိတ် နိုင်ငံတွေ ရဲ့ အကူအညီ နဲ့ ဖော်ဆောင် သွား လို ကြောင်း ဝန်ကြီးချုပ် ဒါဗူးတော်လူး က ဘီဘီစီ နဲ့ တွေ့ဆုံ မေးမြန်း ခန်း မှာ ပြောခဲ့ ပါတယ်။

ဆီးရီးယား ထဲ က အစွန်းမရောက် တဲ့ အုပ်စု တွေ ကို အင်အား ကောင်းအောင် ပြုလုပ် ပေး နိုင်ရင် အခု ဖော်ဆောင်မယ့် ကင်းလွတ်ဇုံ ထဲကို တူရကီ တပ်တွေ စေလွှတ်ဖို့ လိုမှာ မဟုတ်ဘူး လို့ လည်း မစ္စတာ ဒါဗူးတော်လူး က ဆိုပါတယ်။

တူရကီ ရဲ့ လုံခြုံရေး ကို အခြိမ်းခြောက် ခံရရင် တော့ တူရကီ အနေနဲ့ စစ်ရေးအရ လက်တုန့်ပြန် မှာ ဖြစ်တယ် လို့ တူရကီ ဝန်ကြီးချုပ် က ပြောခဲ့ ပါတယ်။

တခါ၊ ဆီးရီးယား နိုင်ငံက လာတွေ သတင်း တွေ မှာတော့ ဆီးရီးယား သမ္မတ ဘရှား အယ်လ် အာဆတ် မိသားစု ရဲ့ ဇာတိမြေ ဖြစ်တဲ့ Sahl al-Ghab နယ်မြေ ရဲ့ အစပ် ကနေ ဆီးရီးယား အစိုးရတပ် တွေ ဆုတ်ခွာ သွားအောင် သူပုန် တွေက တိုက်ထုတ် နိုင်ခဲ့တယ် လို့ ဆိုပါတယ်။

ဒါ့ကြောင့် Sahl al-Ghab နယ် အတွင်း ထဲ မှာ အစိုးရတပ် တွေ ဟာ ခံစစ်ကြောင်းသစ် ပြင်ဆင် နေရတယ်လို့ စစ်ဘက် သတင်းရင်းမြစ် တစ်ခုက ဆိုပါတယ်။

Sahl al-Ghab လွင်ပြင် ဟာ ကမ်းရိုးတန်း တောင်တန်းတွေ အရှေ့ဘက် ကပ်ရက် မှာ တည်ရှိပြီး သမ္မတ အာဆတ် မျိုးနွယ်စု ဆင်းသက် လာရာ ရှီအာမွတ်ဆလင်မ် အခွဲ တစ်ခု ဖြစ်တဲ့ အာလာဝိစ် တို့ အဓိက နေထိုင်ရာ ဒေသ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ