တရုတ် က ပေါက်ကွဲမှု

  • 13 ဩဂုတ် 2015
china_blast ဓာတ်ပုံ မူပိုင် AP
Image caption အန္တရာယ်များတဲ့ ပစ္စည်းတွေ သိုလှောင်ရာ ဂိုဒေါင် က ပေါက်ကွဲတာဖြစ်

တရုတ်နိုင်ငံ ဆိပ်ကမ်းမြို့တမြို့ဖြစ်တဲ့ တီယန်ကျင်း မြို့မှာ ကြီးမားတဲ့ပေါက်ကွဲမှုကြီးတခု ဗုဒ္ဓဟူးနေ့ ညက ဖြစ်ပွားခဲ့ပါတယ်။

မိုဘိုင်းဖုန်း နဲ့ ရိုက်ကူးထားပြီး အင်တာနက် လူမှုကွန်ယက် တွေအပေါ်တင်လာတဲ့ ပုံတွေအရ ညအမှောင်မှာ မီးလုံးကြီးတွေ မီးခိုးလုံးကြီးတွေ တက်လာတာ ကိုတွေ့ရပါတယ်။

တရုတ်အစိုးရ မီဒီယာ တွေ က ပေါက်ကွဲမှုကြောင့် လူ ၇ ယောက် သေဆုံးခဲ့တယ် လို့ ဆိုပါတယ်။

ရှင်ဟွာ သတင်းဌာန ကတော့ အန္တရာယ်များတဲ့ ပစ္စည်းတွေ သိုလှောင်ထားတဲ့ ဂိုဒေါင် မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာ လို့ရေးသားထားပြီး အသေးစိတ် တော့ မဖော်ပြထားပါဘူး။

တရုတ်နိုင်ငံမှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက် တယောက် က ဆေးရုံတွေမှာလည်း လူနာတွေအများအပြားရောက် လာတယ် လို့ ပြောပါတယ်။