အိန္ဒိယမှာ မဂ္ဂီခေါက်ဆွဲ ပြန်ရောင်းခွင့်ရ

  • 13 ဩဂုတ် 2015
Maggi Noodle ဓာတ်ပုံ မူပိုင် AFP
Image caption ခဲဓာတ်ပါဝင်မှုက ပါသင့်တာထက် ပိုများတယ်လို့ တွေ့ရှိခဲ့

အိန္ဒိယနိုင်ငံ တရားရုံးတစ်ခုဟာ တားမြစ်ခံထားရတဲ့ နက်စလေကုမ္ပဏီရဲ့ ခေါက်ဆွဲခြောက်တွေကို ပြန်လည်ရောင်းချခွင့် ပြုလိုက်ပါတယ်။

နက်စလေကုမ္ပဏီရဲ့ စားသောက်ကုန်တွေကို နောက်ထပ် စမ်းသပ်စစ်ဆေးမှုတွေ မပြီးသေးခင်ထိ သတင်း ၆ ပတ် ပြန်ရောင်းခွင့် ပြုလိုက်တာပါ။

နက်စလေရဲ့ ခေါက်ဆွဲခြောက်ထုတ်တွေထဲမှာ ခဲဓာတ်ပါဝင်မှုဟာ ပါဝင်သင့်တာထက် ပိုများနေတယ်ဆိုပြီး ဇွန်လတုန်းက ဒီခေါက်ဆွဲခြောက်တွေ ပြန်သိမ်းဖို့ ကုမ္ပဏီအပေါ် အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

နက်စလေကတော့ သူ့ရဲ့ စားသောက်ကုန်တွေဟာ ဘေးအန္တရာယ်ကင်းတယ်လို့ အမြဲပြောပြီး ရောင်းချဖို့ ပိတ်ပင်မှုကို ကန့်ကွက်ခဲ့ပါတယ်။

အခုလို ပြန်ရောင်းချခွင့်ပြုလိုက်ပေမယ့် အရင်နေ့ကတော့ အိန္ဒိယအစိုးရဟာ နစ်နာဆုံးရှုံးမှုတွေအတွက် နက်စလေကနေ ဒေါ်လာ သန်း ၁၀၀ နီးပါး အလျော်ပေးစေဖို့ တရားစွဲသွားမယ်လို့ ကြေညာထားပါတယ်။