ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့ ကို အရေးယူ

  • 13 ဩဂုတ် 2015
un_car ဓာတ်ပုံ မူပိုင်
Image caption ဘန်ဂွီ မှာ ကုလ ငြိမ်းချမ်းရေး တပ်ဖွဲ့ ကင်းလှည့်စဉ်

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဗဟိုအာဖရိက သမ္မတနိုင်ငံ မှာတာဝန်ယူနေတဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းရေး အဖွဲ့ခေါင်းဆောင် ကို ရာထူးကနေ ဖယ်ရှား လိုက်ပါတယ်။

အဲဒီ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေဟာ ကလေးငယ်တွေ ကို လိင်ပိုင်းဆိုင်ရာ စော်ကား ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ပြီး ဒီသတင်း တွေ ကို သိရတဲ့ အပေါ် မစ္စတာ ဘန်ကီမွန်း က ဒေါသထွက်ရ သလို ရှက်လည်း ရှက်မိတယ်လို့လည်း ပြောပါတယ်။

ငြိမ်းချမ်းရေး တပ်ဖွဲ့ တာဝန်ခံ အကြီးအကဲ ဘာဘာကာ ဂါရီ ရာထူးကနေ ထွက်ရမယ် လို့ လည်း သူ က ပြော ပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ Amnesty International က ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့ဝင်တွေဟာ မြို့တော် ဘန်ဂွီ မှာ ဒီလအစောပိုင်း လောက်က အသက် ၁၂ နှစ်အရွယ် မိန်းကလေး တယောက် ကို အဓမ္မကျင့်ခဲ့ကြတယ်၊ ကလေးတယောက်နဲ့ သူ့အဖေ ကိုလည်း သတ်ဖြတ် ခဲ့ကြတယ် လို့ စွပ်စွဲ ခဲ့ကြပါတယ်။