ဓာတုပစ္စည်းတွေ ရှာဖွေဖို့ တရုတ် အမိန့်ထုတ်

  • 14 ဩဂုတ် 2015
ဓာတ်ပုံ မူပိုင် AFP
Image caption ပြင်းထန်တဲ့ ပေါက်ကွဲမှု အရှိန်ကြောင့် ရာနဲ့ချီတဲ့ ကားတွေ ပျက်စီးခဲ့။

တရုတ် နိုင်ငံ တိယန်ကျင်း မြို့မှာ လူ ၅၆ ဦး သေဆုံးပြီး ၇၀၀ ကျော် ဒဏ်ရာရခဲ့တဲ့ ပေါက်ကွဲမှုကြီး ၂ ခု ဖြစ်ခဲ့ပြီးနောက် နိုင်ငံအနှံ့က အန္တရာယ် ရှိတဲ့ ဓာတု ပစ္စည်းတွေကို စစ်ဆေးဖို့ တရုတ် အစိုးရက အမိန့်ထုတ် လိုက်ပါတယ်။

တိယန်ကျင်းမြို့က ဓာတုပစ္စည်း သိုလှောင်ရုံ တဝိုက်မှာတော့ ပေါက်ကွဲမှု ဖြစ်ပွားပြီး ၃၆ နာရီ ကြာလာတဲ့အထိ မီးတွေ မငြိမ်းသေးဘဲ ဆက်လက် လောင်ကျွမ်း နေဆဲ ဖြစ်ပြီး၊ ဓာတု ကျွမ်းကျင်သူတွေက အဆိပ်သင့် ဓာတ်ငွေ့ ရှိမရှိ စစ်ဆေးနေပါတယ်။

အပျက်အစီးပုံတွေ အောက်မှာ ပိတ်မိနေတဲ့ ၁၉ နှစ်အရွယ် မီးသတ်သမား တစ်ဦးကို ဒီကနေ့ သောကြာနေ့ အစောပိုင်းမှာ ကယ်ဆယ်ရေး အဖွဲ့တွေက ကယ်ဆယ် နိုင်ခဲ့ပါတယ်။

မီးသတ် သမားတွေဟာ ကွန်တိန်နာ တစ်လုံး မီးလောင်တယ် ဆိုပြီး လှမ်းခေါ်တဲ့အတွက် ပေါက်ကွဲမှု မဖြစ်ပွားမီ ကတည်းက အဲဒီနေရာကို ရောက်နေ ခဲ့ကြတာပါ။ သေဆုံးသူတွေထဲမှာ မီးသတ်သမား ၂၁ ယောက် ပါဝင်ပြီး အချို့လည်း ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

အဲဒီ ပေါက်ကွဲမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်း စစ်ဆေးနေဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ