ဂ​ရိ​ကို ဘဏ္ဍာ​ရေး​အရ ထပ်မံ ကယ်ဆယ်​ဖို့ ယူ​ရို​ငွေ​ကြေး​အဖွဲ့ သဘောတူ​ပြီ

greece ဓာတ်ပုံ မူပိုင် Getty
Image caption ဂရိ နိုင်ငံဟာ ယူရို ငွေကြေး အဖွဲ့ ထဲမှာ ဆက်လက် ပါဝင် နေဦး မှာ ဖြစ်တယ်။

ဂရိ နိုင်ငံ ကို တတိယ အကြိမ်မြောက် အဖြစ် ဘဏ္ဍာရေး ဆိုင်ရာ ကယ်ဆယ်မှု တွေ လုပ်ဆောင် ဖို့ ဘရပ်ဆဲလ် မြို့တော် မှာ ၆ နာရီကြာ ပြုလုပ် ခဲ့တဲ့ အစည်းအဝေး ကနေ ယူရို ငွေကြေး အဖွဲ့ဝင် နိုင်ငံတွေ ရဲ့ ဘဏ္ဍာရေး ဝန်ကြီး တွေ သဘောတူ ခဲ့ ကြပါတယ်။

ဂရိ ပါလီမန် ကလည်း အစောပိုင်းတုန်းက နိုင်ငံတကာ မြီရှင် တွေ တောင်းဆိုထားတဲ့ ခြိုးခြံရေး မူတွေ ကို လိုက်နာ ဆောင်ရွက် ဖို့ အတည် ပြုခဲ့တဲ့ အတွက် ဂရိ အနေနဲ့ လာမယ့် ၃ နှစ် တာ ကာလ အတွင်း မှာ ယူရို ၈၆ ဘီလီယံ ရရှိ မှာ ဖြစ်ပါတယ်။

အပြန်အလှန် အနေနဲ့ ဂရိ အစိုးရ ဘက်က နိုင်ငံတွင်း အခွန်အတုပ် တွေ တိုးမြှင့် ရမှာ ဖြစ်သလို နိုင်ငံပိုင် လုပ်ငန်းတွေ ကို ပုဂ္ဂလိက ကို လွှဲပြောင်း ပေးတာ အပါအဝင် အစိုးရ အသုံး စရိတ်တွေ ကိုလည်း ဖြတ်တောက် ရမှာ ဖြစ်ပါတယ်။

ဂရိ အနေနဲ့ ယူရို ငွေကြေး အဖွဲ့ ထဲမှာ ဆက်လက် ပါဝင် နေဦး မှာ ဖြစ်တယ် လို့ ဥရောပ ကော်မရှင် ဥက္ကဌ Jean-Claude Junker က ပြောပါတယ်။

နိုင်ငံတကာ ရဲ့ ဘဏ္ဍာရေး အကူအညီ တွေ ကြောင့် ဂရိ နိုင်ငံ ထဲ မှာ အလုပ်အကိုင် အခွင့်အလမ်း သစ်တွေ ဖန်တီး ပေးနိုင် မှာ ဖြစ်ပြီး ဂရိ စီးပွားရေး ကိုလည်း ပြန်လည် တိုးတက် လာစေမှာ ဖြစ်တယ် လို့ ဥရောပ ကော်မရှင် ရဲ့ ယူရို ငွေကြေး ဆိုင်ရာ အဖွဲ့ ဒုတိယ ဥက္ကဌ Valdis Dombrovskis က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ