တိ​ယန်​ကျင်း ပေါက်ကွဲ​မှု သေ​ဆုံး​သူ ရာကျော်​နေ​ပြီ

  • 15 ဩဂုတ် 2015
china_evacuates_tianjin ဓာတ်ပုံ မူပိုင် Reuters
Image caption ၂ မိုင် နီးပါး ပတ်ချာလည် အရပ် က သူတွေ ကို နေအိမ် ကနေ ထွက်ခွာကြဖို့ လည်း အာဏာပိုင် တွေ က အမိန့်ထုတ်။

တရုတ် နိုင်ငံ ဆိပ်ကမ်းမြို့ တိယန်ကျင်း မှာ ဗုဒ္ဓဟူး နေ့ က ဖြစ်ပေါ် ခဲ့တဲ့ ဓာတု ပစ္စည်း သိုလှောင်ရုံ ပေါက်ကွဲ မှု ကြောင့် သေဆုံးသူ အရေအတွက် ဟာ လက်ရှိ သိထား သမျှ အယောက် ၁၀၀ ကျော် သွားပြီ လို့ တရုတ် နိုင်ငံပိုင် မီဒီယာ က ပြောပါတယ်။

ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ရာ နေရာရဲ့ ၂ မိုင် နီးပါး ပတ်ချာလည် အရပ် က သူတွေ ကို နေအိမ် ကနေ ထွက်ခွာ ကြဖို့ လည်း အာဏာပိုင် တွေ က အမိန့်ထုတ် ထားပါတယ်။

ထိမိ၊ ရှူမိရင် အင်မတန် အန္တရာယ်ကြီး အဆိပ်အတောက် ဖြစ်စေတဲ့ မိုင်းတွင်း လုပ်ငန်းသုံး sodium cyanide ဆိုတဲ့ ဓာတု ပစ္စည်း တန် ၇၀၀ ကျော် သိုလှောင် ထားတဲ့ နေရာမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။

အဲဒီ့ ပမာဏ ဟာ ခွင့် ပြုထားတာ ထက် အဆ ၇၀ ကျော် ဖြစ်နေပါတယ်။

တရုတ်သမ္မတ ရှီကျင်းပင် ကတော့ စက်မှုဇုံ နယ်မြေ တွေ မှာ ဘေးကင်း လုံခြုံရေး အခြေအနေ တိုးတက် ကောင်းမွန် အောင် အရေးပေါ် ဆောင်ရွက် ကြဖို့ ပြောဆိုလိုက်ပြီး၊ အခု အဖြစ်အပျက် ကနေ သင်ခန်းစာ ကြီကြီး ယူကြဖို့လည်း တိုက်တွန်း ခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ