ဒုတိယကမ္ဘာစစ်အတွက် ဂျပန်ဧကရာဇ် ဝမ်းနည်းမိ

  • 15 ဩဂုတ် 2015
japan ဓာတ်ပုံ မူပိုင် AP
Image caption ဂျပန်ဧကရာဇ် နဲ့ ကြင်ယာတော်

ဂျပန် ထီးနန်းကို စံမြန်း လာတာ ခဲ့တာ ၂၅ နှစ် ကြာခဲ့ပြီးတဲ့ နောက်မှာ ပထမဆုံး အကြိမ်အဖြစ် ဂျပန်ဧကရာဇ် အကီဟီတိုက ဒုတိယ ကမ္ဘာစစ် အတွင်းမှာ ဂျပန်ရဲ့ ပါဝင် ပတ်သက်မှုတွေနဲ့ ပတ်သက်လို့ အင်မတန် စိတ်မကောင်း ဖြစ်မိကြောင်း ပြောခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်မှာ ဂျပန် လက်နက်ချခဲ့တာ နှစ်ပေါင်း ၇၀ ပြည့်တဲ့နေ့မှာပဲ ဂျပန်ဧကရာဇ်က သူ့အနေနဲ့ ဒီလိုစစ်မျိုးတွေ ထပ်မကြုံတွေ့ရဖို့ မျှော်လင့်တဲ့ အကြောင်း ပြောခဲ့ပါတယ်။

အတိတ်ကို ပြန်ပြောင်း သုံးသပ် ကြည့်မိကြောင်း၊ ဒီစစ်ကြီးနဲ့ ပတ်သက်လို့ အင်မတန် စိတ်မကောင်း ဖြစ်မိတဲ့အကြောင်း၊ ဒီလို စစ်ပွဲမျိုးတွေ ထပ်ပြီးမဖြစ်ဖို့ မျှော်လင့်တဲ့ အကြောင်း နဲ့ စစ်အတွင်း အသက်ဆုံးရှုံးခဲ့ရသူတွေ အားလုံး အတွက်၊ ကမ္ဘာ့ငြိမ်းချမ်းရေး အတွက်၊ တိုင်းပြည် ဆက်လက် တိုးတက်ရေးတွေ အတွက်ပါ ဆုမွန်ကောင်း တောင်းကြောင်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ ကတော့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကို စစ်နဲ့ ပတ်သက်လို့ သူကိုယ်တိုင်က တောင်းပန်မှု ထပ်မလုပ်တာကို ဂျပန်တွေ ဒုတိယကမ္ဘာစစ် အတွင်းမှာ သိမ်းပိုက်တာ ခံခဲ့ရတဲ့ နိုင်ငံတွေက ဝေဖန် လိုက်ပါတယ်။ စစ်အတွက် တာဝန်ရှိသူတွေ ကိုပါ ထည့်သွင်းထားတဲ့ စစ်အတွင်းက ကျဆုံးသူတွေ အတွက် တည်ဆောက်ထားတဲ့ ရာဆူကူနိ ဗိမာန်ကို ဂျပန် အစိုးရ ဝန်ကြီးတွေ လာရောက်ကြတာနဲ့ ပတ်သက်လို့လည်း ဝေဖန်လိုက်ပါတယ်။

ဂျပန် ဝန်ကြီးချုပ်ရဲ့ အကြံပေးကတော့ တောင်းပန်တယ် ဆိုတာ နိုင်ငံရေးအရ လွယ်လွယ်ပြောချင် ပြောလို့ရတဲ့ အကြောင်း ဒါပေမယ့် ဝန်ကြီးချုပ် ကိုယ်တိုင်က စစ်ကို မမှီလိုက်သူဆိုတော့ လွယ်လွယ်ပြောရင် တာဝန်မဲ့ရာ ကျတဲ့ အကြောင်း ပြောပါတယ်။