ပါ​ကစ္စ​တန် ထောက်လှမ်း​ရေး အကြီးအကဲ​ဟောင်း ကွယ်​လွန်

  • 15 ဩဂုတ် 2015
_hamid_gul
Image caption အမေရိကန် နဲ့ အိန္ဒိယ နိုင်ငံတွေ ကို ဆန့်ကျင် ဝေဖန်မှု တွေ ပြုလုပ် သူ အဖြစ် အနောက် နိုင်ငံ မီဒီယာ တွေ မှာ ပါလေ့ ရှိ ခဲ့။

၁၉၈၀ ပြည့်ကျော် နှစ်တွေ ရဲ့ နှောင်းပိုင်း ကာလ တွေ မှာ ပါကစ္စတန် ထောက်လှမ်းရေး ISI ရဲ့ အကြီးအကဲ ဖြစ်ခဲ့ပြီး ဝေဖန်မှု တွေ ခံခဲ့ရတဲ့ ဗိုလ်ချုပ်ကြီး ဟာမစ်ဂါးလ် ဟာ အသက် ၇၉ နှစ် အရွယ်မှာ ဦးနှောက်တွင်း သွေးယိုစီးမှု ရောဂါ နဲ့ ကွယ်လွန် သွားပြီ ဖြစ်ပါတယ်။

အာဖဂန်နစ္စတန် နိုင်ငံကနေ ဆိုဗီယက် တပ် တွေ ပြန်လည် ရုတ်သိမ်းချိန် ကာလ တဝိုက်မှာ ဗိုလ်ချုပ်ကြီး ဂါးလ် ဟာ ပါကစ္စတန် မှာ ISI ထောက်လှမ်းရေး အဖွဲ့ကို ကိုင်တွယ် နေသူ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး ဂါးလ် ဟာ သဘောထား တင်းမာတဲ့ အစ္စလာမ် ဘာသာရေး ဝါဒီ တစ်ယောက် အဖြစ် လူသိ များခဲ့ ပြီး အမေရိကန် နဲ့ အိန္ဒိယ နိုင်ငံတွေ ကို ဆန့်ကျင် ဝေဖန်မှု တွေ ပြုလုပ် သူ အဖြစ် အနောက် နိုင်ငံ မီဒီယာ တွေ မှာ ဖော်ပြ လေ့ ရှိ ခဲ့ပါတယ်။

ပါကစ္စတန် နိုင်ငံ အပေါ် မလိုလားသူ တွေ ဟာ ဘယ်လို ဘယ်ပုံ တွေ ပူးပေါင်း မကောင်းကြံ နေကြပြီ ဆိုတဲ့ အစိုးရိမ်လွန် သီအိုရီ တွေ အမြဲတမ်း ထုတ်နေတတ် ပြီး ဒီမိုကရေစီ နည်းကျ နိုင်ငံရေး အပေါ်မှာ မသက်ဝင် သူ တစ်ဦး အဖြစ် ဗိုလ်ချုပ်ကြီး ဂါးလ် အပေါ် ဝေဖန် သူတွေ က သတ်မှတ် ကြ ပါတယ်။

ဒါပေမယ့် သူ့ အပေါ် ထောက်ခံသူတွေ ကတော့ ဗိုလ်ချုပ်ကြီး ဂါးလ် ဟာ ပါကစ္စတန် မျိုးချစ် ကြီး တစ်ဦး၊ အစစ်အမှန် မွတ်ဆလင်မ် တစ်ဦး အဖြစ် ရှုမြင်ကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ