တီယန်ကျင်းမှာ လူတွေဘေးလွတ်ဖို့ ရွှေ့ပြောင်း

  • 15 ဩဂုတ် 2015
tianjin ဓာတ်ပုံ မူပိုင် AFP
Image caption ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးနေကြ

တရုတ်နိုင်ငံ မြောက်ပိုင်းက တီယန်ကျင်းမြို့ ဆိပ်ကမ်း ဧရိယာ အနီး ၃ ကီလိုမီတာ ပတ်လည်အတွင်း နေထိုင်သူ တွေကို လုံခြုံရေး တပ်ဖွဲ့တွေက ဘေးလွတ်ရာကို ရွှေ့ပြောင်းပေး နေကြပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုကြီး တွေကြောင့် လူ ၈၅ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။

အဲဒီသေဆုံးသူ တွေထဲက ၄ ပုံ ၁ ပုံကတော့ မီးသတ်သမားတွေ ဖြစ်ကြပါတယ်။

အခုအဲဒီ ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ နေရာမှာ အန္တရာယ်ကြီးမားတဲ့ ဆိုဒီယမ် ဆိုင်ယန်နိုက် ဓာတုပစ္စည်းတွေ ရှိနေတာကြောင့် အနီးတဝိုက်က လူတွေကို မျက်နှာဖုံးတွေ၊ ဘောင်းဘီရှည်တွေနဲ့ လုံခြုံအောင် ဝတ်စားခိုင်းပြီး ရွေ့ပြောင်းနေကြတာ ဖြစ်ပါတယ်။

အဲဒီ ဓာတုပစ္စည်း ပါတဲ့ လေကို ရှုရှိုက်မိရင် ဒါမှမဟုတ် တခုခုကြောင့် လောင်ကျွမ်းမှုဖြစ်ရင် အဆိပ်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အဲဒီမှာ ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့ရတဲ့ ကားတွေထဲက တချို့လည်း မီးတွေလောင် နောက်ပေါက်ကွဲမှု အသစ်တချို့လည်း ထပ်ဖြစ်ခဲ့တာကြောင့် အခုဆို လူအဝင်အထွက် အတွက် ရဲက ကင်းစခန်းတွေ နဲ့ စောင့်ကြပ်နေပါတယ်။