ဗြိတိန်မှာ ဒုတိယကမ္ဘာစစ်ပြီးဆုံးတဲ့နေ့ ကျင်းပ

  • 15 ဩဂုတ် 2015
_vj_day_ ဓာတ်ပုံ မူပိုင် PA
Image caption ဒုတိယကမ္ဘာစစ် ပြီးဆုံးတာ နှစ် ၇၀ ပြည့်ပြီ

ဗြိတိန်နိုင်ငံမှာ ဒုတိယ ကမ္ဘာစစ် ပြီးဆုံးခြင်း နှစ် ၇၀ ပြည့်တဲ့ အခမ်းအနားတွေ ကျင်းပခဲ့ကြပါတယ်။

လန်ဒန်မြို့မှာ ကျင်းပတဲ့ အခမ်းအနားကို ဒုတိယမြောက် အယ်လစ်ဇဘက်သ် ဘုရင်မကြီး ကိုယ်တိုင် တက်ရောက် သလို စစ်ပြန်ကြီးတွေ၊ ဂျပန်လက်ထဲမှာ စစ်သုံ့ပန်း ဘဝနဲ့ နေခဲ့ရဖူး သူတွေပါ တက်ရောက်ခဲ့ ကြပါတယ်။

ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်နဲ့ တိုက်ပွဲတွေ အတွင်းမှာ ဗြိတိန်နဲ့ တခြား ဓနသဟာရ နိုင်ငံတွေဘက်က စစ်သည်ပေါင်း ၇၀၀၀၀ ကျော် ကျဆုံးခဲ့ရပါတယ်။