သမ္မတ​ကို​ဖယ်ရှား​ဖို့ ဘ​ရာ​ဇီး​မှာ ဆန္ဒပြ

  • 16 ဩဂုတ် 2015
_brazil_protest
Image caption နိုင်ငံ အတွင်း အကြီးမားဆုံး ပေါ်ပေါက် ခဲ့တဲ့ ငွေကြေး မသမာမှု အရှုပ်တော် ပုံ အတွက် သမ္မတ ရူးဆက်ဖ် မှာ တာဝန် ရှိတယ် လို့ ပြစ်တင် နေ ကြပါတယ်။

ဘရာဇီးနိုင်ငံ တဝှမ်းမှာ လူတွေ ထောင်သောင်းချီ လမ်းပေါ်ထွက် ဆန္ဒပြကာ သမ္မတ ဂျီးလ်မား ရူးဆက်ဖ် ကို ရာထူးက ဖယ်ရှား နိုင်ဖို့ ဥပဒေအရ စုံစမ်း စစ်ဆေးမှု တွေ ပြုလုပ် ပေးပါ လို့ တောင်းဆို လာကြပါတယ်။

ဆန္ဒပြသူတွေ ထဲက တော်တော်များများ ဟာ အစိမ်း နဲ့ အဝါရောင် တွဲစပ်ထားတဲ့ ဘရာဇီးလ် နိုင်ငံ အလံ တွေ လွှမ်းခြုံ ထားကြပြီး၊ နိုင်ငံ အတွင်း အကြီးမားဆုံး ပေါ်ပေါက် ခဲ့တဲ့ ငွေကြေး မသမာမှု အရှုပ်တော် ပုံ အတွက် သမ္မတ ရူးဆက်ဖ် မှာ တာဝန် ရှိတယ် လို့ ပြစ်တင် နေ ကြပါတယ်။

နိုင်ငံပိုင် ပက်ထရိုဘရတ်စ် ရေနံ ကုမ္ပဏီ ကြီး နဲ့ ဆက်စပ်ပြီး အကျိုးအမြတ် ရှိမယ့် လုပ်ငန်း ကွန်ထရက် တွေ ရဖို့ အတွက် စီးပွားရေး ကုမ္ပဏီ တွေ ဟာ အာဏာရ အလုပ်သမား ပါတီ ထဲ က အကျင့်ပျက် နိုင်ငံရေး သမားတွေ ကို လာဘ်ငွေ တွေ ပေးခဲ့ ကြတယ် လို့ ဒီ ကိစ္စ အပေါ် စုံစမ်း စစ်ဆေး နေကြ သူတွေ က ဆိုပါတယ်။

အဲဒီ့ အကျင့်ပျက်မှု တွေ ဟာ ပက်ထရိုဘရတ်စ် ရဲ့ ဥက္ကဌ အဖြစ် မစ္စ ရူးဆက်ဖ် တာဝန် ယူခဲ့ စဉ် ဖြစ်ပေါ် ခဲ့တာ လို့ ယူဆ ရပေမယ့် မစ္စ ရူးဆက်ဖ် ကိုယ်တိုင်တော့ ငွေကြေး အရှုပ်တော်ပုံ ထဲ ပါဝင် ပတ်သက်မှု မရှိဘူး လို့ စုံစမ်း စစ်ဆေး နေသူတွေ က ဆိုထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ