ကက်ရှမီးယား နယ်စပ် ပစ်ခတ်တာတွေ ပိုများလာ

  • 16 ဩဂုတ် 2015
india_pakistan ဓာတ်ပုံ မူပိုင် AFP
Image caption ကက်ရှမီးယား နယ်စပ် ပစ်ခတ်မှု တွေ ရဲ့ အကြွင်းအကျန် ကျည်ဆံရာတွေ

အိန္ဒိယ နဲ့ပါကစ္စတန်ကြား ကက်ရှမီးယား နယ်က နယ်စပ်မျဉ်း မှာ တဖက်နဲ့တဖက် ပစ်ခတ်တိုက်ခိုက်မှုတွေ ပိုအရှိန်ပြင်းနေပါတယ်။

၂၀၀၃ ကတည်းက အပစ်အခတ် ရပ်ထားပေမယ့် ပြီးခဲ့တဲ့ ၇ ရက် ကတည်းက မော်တာတွေ လက်နက်ငယ်တွေ နဲ့ ပစ်ခတ် တိုက်ခိုက်နေကြပြီးတော့ တဖက်နဲ့ တဖက် သူ က စပစ်လို့ ပြန်ပစ် ရတာလို့ ဆိုကာ အပစ်ဖို့ နေကြပါတယ်။

အိန္ဒိယ စစ်တပ်က ပြီးခဲ့တဲ့ ၂ ရက်အတွင်း ပါကစ္စတန် က ပစ်ခတ်လို့ အရပ်သား အနည်းဆုံး ၆ ယောက်သေပြီး ၁၇ ယောက် ဒဏ်ရာရခဲ့တယ် လို့ ပြောပါတယ်။

ပါကစ္စတန် စစ်တပ်ကတော့ အိန္ဒိယ စစ်တပ်က ပစ်လို့ လူ ၂ယောက်သေဆုံးပြီး ၂ယောက် ဒဏ်ရာရ ခဲ့တယ်လို့ ဆိုပါတယ်။