အီ​ရတ်​အစိုးရ​အဖွဲ့​တွင်း လူ သိသိ​သာသာ လျှော့​ချခံရ

  • 16 ဩဂုတ် 2015
prime_minister_haider_al-abadi ဓာတ်ပုံ မူပိုင် Reuters
Image caption ဝန်ကြီးချုပ် အယ်လ် အဘာဒီရဲ့ ပြုပြင်ရေး အစီအစဉ် တွေ အပေါ် အီရတ် ပါလီမန် ကလည်း တခဲနက် အတည်ပြု ပေး ခဲ့ပါတယ်။

အီရတ် နိုင်ငံ မှာ ဝန်ကြီးချုပ် ဟိုင်ဒါ အယ်လ် အဘာဒီ က အစိုးရ ကက်ဘိနက် အဖွဲ့ ထဲ ပါဝင် သူ အရေအတွက် ကို ၃ ပုံ ၁ ပုံ လျှော့ချ လိုက် ပါတယ်။

အစိုးရ အတွင်း အကျင့်ပျက် မှု တွေနဲ့ လုပ်ငန်းဆောင်တာ တွေကို နိုင်နိုင်နင်းနင်း မစွမ်းဆောင် နိုင်မှု တွေ ကို တိုက်ဖျက် ဖို့ ပြုပြင် ပြောင်းလဲရေး တွေ လုပ်ဆောင် မယ် ဆိုပြီး ပြီးခဲ့တဲ့ သီတင်း တစ်ပတ် ကျော် ကတည်းက သမ္မတ အယ်လ် အဘာဒီ က ကြေညာ ထားခဲ့ ပြီးတဲ့ နောက် အခုလို လုပ်ဆောင် လာတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ရဲ့ ပြုပြင်ရေး အစီအစဉ် တွေ အပေါ် အီရတ် ပါလီမန် ကလည်း တခဲနက် အတည်ပြု ပေး ခဲ့ပါတယ်။

အစိုးရ အရာရှိ တွေ အပေါ် အရေးယူ ဆောင်ရွက်မှု တွေ ပြုလုပ်ဖို့ ဆန္ဒပြမှု တွေ လည်း အီရတ် နိုင်ငံတလွှား ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပေါ် လာခဲ့ ပါတယ်။

နိုင်ငံတွင်း အစ္စလာမ်မစ် လက်နက်ကိုင် အဖွဲ့ IS တွေ ရဲ့ လက်ထဲ မနှစ်တုန်း က မိုဆိုးလ် မြို့ ကျသွား ခဲ့ရတာ နဲ့ ပတ်သက်ပြီး အရင် ဝန်ကြီးချုပ် ဟောင်း နူရီ အယ်လ် မာလီကီ နဲ့ တခြား ထိပ်တန်း အစိုးရ အရာရှိ အယောက် ၃၀ ကျော် မှာ တာဝန် ရှိတယ် လို့ စုံစမ်း စစ်ဆေး မှု ကနေ နာမည် တပ် အပြစ်တင် ထား ပါတယ်။

အခု နှစ် မေလ တုန်း က ရာမဒီ မြို့ IS တွေ လက်ထဲ ကျစဉ်တုန်းက မိမိတို့ တာဝန်ကျ စစ်ရေး နေရာ တွေ ကို စွန့်ခွာ ထွက်ပြေး ခဲ့ကြတဲ့ အစိုးရ တပ်မှုး တွေ လည်း စစ်ခုံရုံး တင်ခံ ရဖွယ် ရှိ နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ