ပါကစ္စတန်ပြည်နယ်ဝန်ကြီး ဗုံးခွဲတိုက်ခိုက်ခံရ

  • 16 ဩဂုတ် 2015

ပါကစ္စတန်ရဲ့ အကြီးဆုံးပြည်နယ်ဖြစ်တဲ့ ပန်ဂျတ်ပြည်နယ် ရဲ့ ပြည်ထဲရေးဝန်ကြီး ဆူဂျာ ခန်းဇာတာ သူ့ရုံးခန်းအတွင်းမှာ ပဲ အသေခံတိုက်ခိုက်မှု ကြောင့် သေဆုံးခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေ အပါအဝင် နောက်ထပ် အနည်းဆုံး လူ ၁၂ ယောက်လည်း သေဆုံး သွားပါတယ်။

စစ်တပ် ဗိုလ်မှူးကြီး ရာထူး က အငြိမ်းစားယူခဲ့တဲ့ အခု ဝန်ကြီး ခန်းဇာတာ ဟာ ဒီနှစ်အတွင်း စစ်သွေးကြွတွေ တိုက်ခိုက်မှုကြောင့် သေဆုံးရတဲ့အစိုးရအရာရှိတွေထဲ ရာထူးအမြင့်ဆုံး တယောက်ဖြစ်ပါတယ်။

သူ့ကို ပန်ဂျတ်ပြည်နယ်မှာ ရှိတဲ့ ကြောက်လန့်အောင်ခြောက်လှန့် တဲ့အကြမ်းဖက် ဝါဒီတွေ နှိမ်နှင်းတဲ့ စစ်ဆင်ရေး တွေ ကို ကြည့်ကြပ်ပေးနေသူအဖြစ် အများက သတ်မှတ်ထားကြကြောင်း အစ္စလာမ်မာဘတ် က ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

ဆွန်နီ စစ်သွေးကြွအဖွဲ့တဖွဲ့ ဖြစ်တဲ့ Lashkar-e-Jhangvi က အခုတိုက်ခိုက်မှု ကို သူတို့လုပ်ခဲ့တာ လို့ ပြောပါတယ်။