သီရိလင်္ကာ ရွေးကောက်ပွဲ၊ ပြည်သူတွေ ဆန္ဒမဲပေး

ဓာတ်ပုံ မူပိုင် epa
Image caption အင်္ဂါနေ့မှာ မဲရလဒ်တွေ ထွက်လာဖို့ ရှိနေ။

သီရိလင်္ကာ နိုင်ငံမှာ ပြုလုပ်တဲ့ အထွေထွေ ရွေးကောက်ပွဲမှာ သမ္မတဟောင်း မဟင်ဒါ ရာဂျာပက်ခ်ဆာ ဝန်ကြီးချုပ် အဖြစ် နိုင်ငံရေး စင်မြင့်ပေါ် ပြန်တက် လာနိုင်မယ့် မျှော်လင့်ချက်တွေနဲ့ သီရိလင်္ကာ ပြည်သူတွေ ဆန္ဒမဲ ပေးခဲ့ကြပါတယ်။

သမ္မတဟောင်း ရာဂျာပက်ခ်ဆာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ပြုလုပ်ခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲမှာ သူ့ရဲ့ ကျန်းမာရေး ဝန်ကြီးဟောင်း ဖြစ်သူ မိုင်သရီပါလာ ဆရီဆီနာကို မမျှော်လင့်ဘဲ ရှုံးနိမ့်ခဲ့သူ ဖြစ်ပါတယ်။

ဆင်ဟာလီ မျိုးချစ် တစ်ယောက်ဖြစ်တဲ့ မစ္စတာ ရာဂျာပက်ခ်ဆာက လွှတ်တော် ကိုယ်စားလှယ် တစ်ယောက် ဖြစ်လာဖို့ မျှော်လင့်နေပြီး အဲဒီနောက် ဝန်ကြီးချုပ် အဖြစ် ရွေးကောက်ခံရဖို့ မျှော်လင့် ထားတာပါ။

ဒါပေမယ့် သမ္မတ ဖြစ်သူ မစ္စတာ ဆရီဆီနာကတော့ မစ္စတာ ရာဂျာပက်ခ်ဆာကို ဝန်ကြီးချုပ် ဖြစ်မလာအောင် ပိတ်ဆို့ သွားမယ်လို့ ပြောထားပါတယ်။

အခု ရွေကောက်ပွဲမှာ ဆန္ဒမဲ ပေးခွင့်ရှိသူ ၁၅ သန်း ရှိပြီး အင်္ဂါနေ့မှာ မဲရလဒ်တွေ ထွက်လာဖို့ မျှော်လင့်ရပါတယ်။

၆၉ နှစ် အရွယ် မစ္စတာ ရာဂျာပက်ခ်ဆာဟာ ၂၆ နှစ် ကြာခဲ့တဲ့ တမီလ် ခွဲထွက်ရေး အုံကြွမှုတွေကို ခြေမှုန်းနိုင်ခဲ့သူ သူရဲကောင်း အဖြစ် လူများစု ဗုဒ္ဓဘာသာ ဆင်ဟာလီတွေရဲ့ မှတ်ယူမှုကို ရရှိထားသူ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ