အရပ်သားတွေကို ပစ်မှတ်ထားတိုက်လို့ ဆီးရီးယားအစိုးရကို ကုလဝေဖန်

  • 17 ဩဂုတ် 2015
syria_douma_
Image caption သေဆုံး စာရင်း ဟာ ၉၆ ဦး အထိ တိုးတက် လာပြီး ဒဏ်ရာ ရ သူ အရေ အတွက် ၂၄၀ ကျော် ရှိ။

ဆီးရီးယား နိုင်ငံ မြို့တော် ဒမတ်စ်ကပ်စ် အနီး က သူပုန် တွေ ထိန်းချုပ် ရာ ဒူးမား မြို့ မှာ ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့ က အစိုးရ တပ် တွေ လုပ်ဆောင် ခဲ့တဲ့ လေကြောင်း တိုက်ခိုက် မှု တွေ အပေါ် ကုလ သမဂ္ဂ က ရှုတ်ချ ပြစ်တင် လိုက် ပါတယ်။

အဲဒီ့ တိုက်ခိုက် မှု အတွင်း လူ ပေါင်း ၁၀၀ ပတ်ဝန်းကျင် သေဆုံး သွား နိုင်တယ် လို့ ယူဆ ထားပါတယ်။

ဒူးမား မြို့ရဲ့ လူစည်ကားရာ စျေး ကို ပစ်မှတ် ထားပြီး လေကြောင်း ကနေ တိုက်ခိုက် ခဲ့တဲ့ လုပ်ရပ် ဟာ အင်မတန် တုန်လှုပ် ဖွယ်ရာ ဖြစ်တယ် ဆိုပြီး ဆီးရီးယား နိုင်ငံဆိုင်ရာ ကုလ သံတမန် စတယ်ဖန် ဒီ မစ္စတူးရား က ပြောပါတယ်။

သေဆုံး စာရင်း ဟာ ၉၆ ဦး အထိ တိုးတက် လာပြီး ဒဏ်ရာ ရ သူ အရေ အတွက် ၂၄၀ ကျော် ရှိတယ် လို့ ဆီးရီးယား အရေး လှုပ်ရှား ကြသူ တွေ က ဆိုပါတယ်။

ဒူးမား မြို့ခံ တွေ ရဲ့ အဆိုအရ မြို့မှာ ရှိတဲ့ ဆေးရုံ တွေ အနေနဲ့ လူနာ တွေ အားလုံး ကို နိုင်နင်း အောင် ပြုစု ကုသ နိုင်ဖို့ အခက် တွေ့ နေရပြီး၊ လူသေ အလောင်း တွေ ကို လည်း ကျင်း ကြီး တွေ တူး ကာ စုပေါင်း မြှုပ်နှံ ခဲ့ရတယ် လို့ ဆိုပါတယ်။

အခု ဒူးမား မြို့ အဖြစ်အပျက် ဟာ ဆီးရီးယား ပြည်တွင်းစစ် ၄ နှစ် တာ ကာလ အတွင်း တစ်ကြိမ် တည်းနဲ့ လူ အသေအပျောက် အများဆုံး ဖြစ်ရပ် တွေ ထဲ ပါဝင် ခဲ့ ပါတယ်။

ဆီးရီးယား လက်နက်ကိုင် ပြည်တွင်း ပဋိပက္ခ အတွင်း လူပေါင်း ၂ သိန်းခွဲ ကျော် အသက် ဆုံးရှုံး ခဲ့ရပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ