ဘန်ကောက် လေးမျက်နှာဘုရားမှာ ဗုံးကွဲလို့ လူတွေသေကြေ

  • 17 ဩဂုတ် 2015
_bangkok_blast ဓာတ်ပုံ မူပိုင် AP
Image caption ထိုင်း နိုင်ငံ ရဲ့ ခရီးသွား လုပ်ငန်း နဲ့ စီးပွားရေး ကို ထိခိုက် အောင် ရည်ရွယ် ကျူးလွန် ခဲ့တာ ဖြစ်တယ် လို့ ထိုင်း ကာကွယ်ရေး ဝန်ကြီးက ပြော။

ထိုင်း နိုင်ငံ မြို့တော် ဘန်ကောက် က နာမည်ကျော် ဟိန္ဒူ ဘုရားကျောင်း မှာ ဩဂုတ်လ ၁၇ ရက် တနင်္လာနေ့ က ဖြစ်ပေါ် ခဲ့တဲ့ ဗုံးခွဲ တိုက်ခိုက် မှု အတွင်း အနည်းဆုံး လူ ၁၉ ဦး သေဆုံး ခဲ့ရတယ် လို့ ထိုင်း အာဏာပိုင် တွေ က ပြောပါတယ်။

လူပေါင်း ၁၂၀ ကျော် လည်း ဒဏ်ရာ ရရှိ သွား ပြီး မော်တော်ဆိုင်ကယ် ပေါ် မှာ ဗုံးထောင်ပြီး ခွဲခဲ့တာ ဖြစ်တယ် လို့ သတင်းတွေ က ဆိုပါတယ်။

ဗုံးပေါက်ကွဲ ရာ နေရာ ဟာ ကမ္ဘာလှည့် ခရီးသည် တွေ အပါအဝင် လာရောက် လည်ပတ် ကြသူ တွေ နဲ့ စည်ကားတဲ့ လေးမျက်နှာ ဘုရား လို့ အသိများ ကြတဲ့ ဟိန္ဒူ နတ်ဖုရား ဧရဝဏ် ဘုရား ကျောင်း ရဲ့ အဓိက လမ်းဆုံ နေရာ မှာ ဖြစ်ပါတယ်။

ဗုံးခွဲ သူတွေ ဟာ နိုင်ငံခြားသား ဧည့်သည် တွေ ကို ပစ်မှတ် ထား ပြီး ထိုင်း နိုင်ငံ ရဲ့ ခရီးသွား လုပ်ငန်း နဲ့ စီးပွားရေး ကို ထိခိုက် အောင် ရည်ရွယ် ကျူးလွန် ခဲ့တာ ဖြစ်တယ် လို့ ထိုင်း နိုင်ငံ ကာကွယ်ရေး ဝန်ကြီး ပရာဝစ် ဝမ်ဆူဝမ် က ပြောပါတယ်။

ကမ္ဘာလှည့် ခရီးသည် တွေ လာရောက် လေ့ ရှိတဲ့ နေရာ တွေ က နေ တခြား ဗုံး နှစ်လုံး ကို လည်း တွေ့ရှိ ခဲ့ရပြီး မပေါက်ကွဲ အောင် ထိန်းချုပ် လိုက်နိုင် တယ် လို့ လည်း သတင်းတွေ က ဆိုပါတယ်။

ဘန်ကောက် မြို့တော် မှာ တခါ မှ မပေါ် ပေါက် ဖူး ခဲ့တဲ့ အခုလို ဗုံးခွဲ တိုက်ခိုက်မှု နဲ့ ပတ်သက်ပြီး ဘယ် အဖွဲ့ က မှ သူတို့ လုပ်ဆောင် ခဲ့ ကြောင်း မကြေညာ သေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ