ဘန်ကောက်မြို့လယ်မှာ အင်အားပြင်း ဗုံး ပေါက်ကွဲ

  • 17 ဩဂုတ် 2015
ဓာတ်ပုံ မူပိုင် AP
Image caption လူစည်ကားရာ ဧရာဝဏ် ဘုရားအနီးမှာ အင်အားပြင်းဗုံး ပေါက်ကွဲခဲ့။

ထိုင်းနိုင်ငံ ဘန်ကောက် မြို့လယ်က ဧရာဝဏ် လေးမျက်နှာ ဘုရား အနီးမှာ ဒီကနေ့ တနင်္လာနေ့ ဒေသအချိန် ည ၇ နာရီခန့်က အင်အားပြင်း ဗုံးတစ်လုံး ပေါက်ကွဲ ခဲ့လို့ အနည်းဆုံး ၁၆ ဦး သေဆုံးပြီး ၈၀ ကျော် ဒဏ်ရာရသွားတယ်လို့ ထိုင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

မပေါက်ကွဲသေးတဲ့ ဒုတိယ ဗုံး တစ်လုံးကိုလည်း အဲဒီ နေရာ တဝိုက်မှာ ထပ်မံ တွေ့ရှိခဲ့ရပြီး ရှင်းလင်း နိုင်ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

ဒီတိုက်ခိုက်မှုက ဘယ်သူ ဘယ်ဝါရဲ့ လက်ချက် ဖြစ်တယ် ဆိုတာ မသိရသေးပါဘူး။

ဗုံးကွဲရာ အနီးက ဧရာဝဏ် လေးမျက်နှာ နတ်ကွန်းဟာ လူအများအပြား လာရောက်လေ့ ရှိတဲ့ နေရာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုဟာ နိုင်ငံခြားသားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ ဖြစ်တယ်လို့ ထိုင်း အစိုးရက ပြောပါတယ်။

ဗုံးပေါက်ကွဲရာ နေရာတဝိုက်မှာ အပျက်အစီးတွေနဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ပြန့်ကျဲနေတာ တွေ့ခဲ့ရတယ်လို့ အခင်းဖြစ်ရာကို ရောက်ရှိခဲ့တဲ့ ဘီဘီစီ သတင်းထောက် ဂျွန်နသန် ဟက်ဒ်က ဆိုပါတယ်။

တချို့ သတင်းတွေ အရ သေဆုံး ဒဏ်ရာရသူ တွေထဲမှာ တရုတ် နိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသား ခရီးသည်တွေ ပါဝင် နိုင်တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ