ရှားပါး ဖိလစ်ပိုင် သိန်းငှက် ပစ်သတ်ခံရ

ဓာတ်ပုံ မူပိုင် AFP
Image caption ဖိလစ်ပိုင် သိန်းငှက်တွေဟာ ကမ္ဘာ့အကြီးဆုံး သိန်းငှက် မျိုးစိတ် တစ်ခု ဖြစ်။

ဖိလစ်ပိုင် နိုင်ငံမှာ ရှားပါး စာရင်းဝင် သိန်းငှက် တစ်ကောင် လွန်ခဲ့တဲ့ ၂ လက သေနတ် ဒဏ်ရာ ရခဲ့တဲ့အတွက် ကုသပေးပြီး ပြန်လွှတ် ပေးခဲ့ရာမှာ အခုတော့ သေနတ်နဲ့ ထပ်မံ ပစ်ခတ် ခံရပြီး သေဆုံး သွားတယ်လို့ သဘာဝ ပတ်ဝန်းကျင် မြတ်နိုးသူတွေက ပြောပါတယ်။

ပါမာနာ လို့ အမည်ပေးထားတဲ့ အဲဒီ သိန်းငှက်ကို သူ့ကိုယ်ပေါ်က ခြေရာခံ ကိရိယာ ရပ်ဆိုင်းသွားပြီးနောက် ဖိလစ်ပိုင် တောင်ပိုင်းက တောအုပ်တစ်ခု အတွင်းမှာ ပြန်တွေ့ကြတာပါ။

အဲဒီ ရှားပါး ဖိလစ်ပိုင် သိန်းငှက်ကို ပစ်ခတ်သူ အနေနဲ့ ဖမ်းမိ ခံရမယ် ဆိုရင် ထောင်ဒဏ် ၁၂ နှစ် အထိ ကျခံရ နိုင်သလို ဖိလစ်ပိုင်ငွေ ပီဆို တစ်သန်း (ဒေါ်လာ ၆သောင်း ၁ထောင်) အထိလည်း ဒဏ်တပ် ခံရနိုင်ပါတယ်။

ဖိလစ်ပိုင် သိန်းငှက်တွေဟာ ကမ္ဘာ့ အကြီးဆုံး သိန်းငှက် မျိုးစိတ် တစ်ခု ဖြစ်ပြီး အရပ် တစ်မီတာ (၃.၃ ပေ)အထိနဲ့ တောင်ပံအလျား ၂ မီတာ အထိ ကြီးထွား နိုင်ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ