ဘန်ကောက် ဗုံးခွဲမှု၊ ပြည်ပ အဖွဲ့အစည်း လက်ချက် မဟုတ်

  • 20 ဩဂုတ် 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption အဓိက မသင်္ကာသူရဲ့ ရုပ်ပုံကြမ်းကို ထိုင်းရဲက ထုတ်ပြန်ထား။

ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့လယ်က တနင်္လာနေ့ ဗုံးပေါက်ကွဲမှုဟာ နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်း တစ်ခုခုရဲ့ လက်ချက် မဟုတ်နိုင်ဘူးလို့ ထိုင်း အစိုးရက ပြောပါတယ်။

ဒီကောက်ချက်ဟာ စုံစမ်း စစ်ဆေးသူတွေရဲ့ ကနဦး ယူဆချက် ဖြစ်တယ်လို့ ထိုင်း စစ်အစိုးရရဲ့ ပြောခွင့်ရသူ ကာနယ် ဝင်းထိုင်း ဆူဗာရီး Col Winthai Suvaree က ပြောတာပါ။

ဒါပေမယ့် ဗုံးခွဲမှုမှာ အဓိက မသင်္ကာသူ ဖြစ်တဲ့ အခင်းဖြစ်ရာမှာ ကျောပိုးအိတ် ချန်ထားခဲ့သူ ကတော့ နိုင်ငံခြားသား ဖြစ်တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

ဧရာဝဏ် နတ်ကွန်း အနီး တနင်္လာနေ့ ညဦးပိုင်းက ပေါက်ကွဲမှုကြောင့် လူ ၂၀ သေဆုံးပြီး ဒါဇင်ပေါင်း များစွာ ဒဏ်ရာ ရခဲ့ကြပါတယ်။

ဗုံးခွဲမှုမှာ ပါဝင် ပတ်သက်တယ်လို့ သံသယ ရှိရသူပေါင်း ၁၀ ဦး ထက်မနည်း ရှိတယ်လို့ ထိုင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

အခု တိုက်ခိုက်မှုကို အနည်းဆုံး တစ်လလောက် ကြိုတင် စီစဉ်ခဲ့တာလို့ ယုံကြည်ရကြောင်း ထိုင်း ရဲချုပ် စွမ်ယော့တ် ပမ့်ပန်မူအန် Somyot Pumpanmuang က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ