ဘန်ကောက်ဗုံး၊ သံသယရှိသူ ၂ ဦး ရဲထံ အစစ်ခံ

  • 20 ဩဂုတ် 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption အဓိက သံသယရှိသူ ဖြစ်တဲ့ တီရှပ် အဝါရောင်နဲ့လူက ကျောပိုးအိတ်ကို ချန်ထားခဲ့။

ဘန်ကောက် မြို့လယ်က တနင်္လာနေ့ ဗုံးခွဲမှုမှာ နောက်ထပ် သံသယ ရှိသူ အဖြစ် သတ်မှတ် ခံရတဲ့ လူ ၂ ယောက်ဟာ ဧည့်လမ်းညွှန်တွေ ဖြစ်ကြောင်း ရဲစခန်းမှာ လာရောက် စစ်ဆေး ခံခဲ့တယ်လို့ ထိုင်း အာဏာပိုင်တွေက ပြောပါတယ်။

ဗုံးပေါက်ကွဲမှု မဖြစ်ခင် အချိန် အနည်းငယ် အတွင်းမှာ ဧရာဝဏ် နတ်ကွန်းအနီး ရှိနေခဲ့တဲ့ သူတို့ ၂ ယောက်ကို စီစီတီဗီ ထဲမှာ တွေ့ကြရတာပါ။

အဲဒီ လူ နှစ်ယောက် ထိုင်ခုံက ထပြီး မကြာမီမှာပဲ အဓိက သံသယရှိသူ ဖြစ်တဲ့ အဝါရောင် တီရှပ်နဲ့လူ ရောက်လာပြီး ကျောပိုးအိတ်ကို ချန်ထား ခဲ့တာပါ။

အခုတော့ ဧည့်လမ်းညွှန်တွေလို့ ဆိုတဲ့ အဲဒီ လူ ၂ ယောက်ကို ရဲတွေက မေးမြန်း စစ်ဆေးနေဆဲ ဖြစ်ပါတယ်။

နတ်ကွန်းအနီး ဗုံးခွဲမှုကြောင့် လူ ၂၀ သေဆုံးခဲ့ပြီး ဒါဇင် အများအပြား ဒဏ်ရာ ရခဲ့ကြပါတယ်။

ဗုံးခွဲမှုမှာ ပါဝင် ပတ်သက်တယ်လို့ သံသယ ရှိရသူပေါင်း ၁၀ ဦး ထက်မနည်း ရှိတယ်လို့ ထိုင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

တခါ ဒီတိုက်ခိုက်မှုဟာ နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်း တစ်ခုခုရဲ့ လက်ချက် မဟုတ်နိုင်ဘူးလို့လည်း ထိုင်း စစ်အစိုးရရဲ့ ပြောခွင့်ရသူ ကာနယ် ဝင်းထိုင်း ဆူဗာရီး Col Winthai Suvaree က ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ