အီရန်မှာ ဗြိတိသျှသံရုံး ပြန်ဖွင့်တော့မယ်

  • 20 ဩဂုတ် 2015
iran_uk_embassy ဓာတ်ပုံ မူပိုင် Getty
Image caption အီရန် မှာ ရှိတဲ့ ဗြိတိသျှ သံရုံး ထဲ ကို ဆန္ဒပြသူတွေ ဝင်ရောက် ဖျက်ဆီးတာ ခံခဲ့ရတဲ့ အတွက်၊ လွန်ခဲ့တဲ့ ၄ နှစ် ကတည်းက သံရုံး ပိတ်ထား ခဲ့တာပါ။

ဗြိတိန် ရဲ့ သံရုံးကို အီရန် နိုင်ငံ မြို့တော် တဟီရန် မှာ အခု သီတင်းပတ် အကုန် ပြန် လည် ဖွင့်လစ် တော့မှာ ဖြစ်ပါတယ်။

အီရန် မှာ ရှိတဲ့ ဗြိတိသျှ သံရုံး ထဲ ကို ဆန္ဒပြသူတွေ ဝင်ရောက် ဖျက်ဆီးတာ ခံခဲ့ရတဲ့ အတွက်၊ လွန်ခဲ့တဲ့ ၄ နှစ် ကတည်းက သံရုံး ပိတ်ထား ခဲ့တာပါ။

တဟီရန် မြို့တော် သံရုံး ဖွင့်ပွဲ ကို ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဖိလစ်ပ် ဟာမန် တက်ရောက် မှာ ဖြစ်ပါတယ်။

ဒါဟာ အီရန် ကို ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး တစ်ဦး ၁၄ နှစ် အတွင်း ပထမဆုံးအကြိမ် သွားရောက် မှာ ပါ။

မကြာခင် ရက်တွေ ထဲ မှာပဲ အီရန် သံရုံး လည်း လန်ဒန် မှာ ပြန်လည် ဖွင့်လှစ် ပါလိမ့်မယ်။

အီရန် ရဲ့ နျူကလီယာ ရည်မှန်းချက် နဲ့ ပတ်သက်ပြီး အီရန် နဲ့ နိုင်ငံတကာ အင်အားကြီး ၆ နိုင်ငံ တို့ သဘောတူညီ မှု တစ်ရပ် ရယူ နိုင်ခဲ့ ပြီး နောက် မှာ အနောက် အုပ်စု နဲ့ အီရန် အကြား ဆက်ဆံရေး တွေ ပိုမို နွေးထွေး လာနေတာ ရဲ့ နောက်ထပ် ပြယုဂ် တစ်ခု အဖြစ် အခုလို ဗြိတိန် နဲ့ အီရန် တို့ ၂ နိုင်ငံ သံရုံး တွေ အပြန်အလှန် ပြန်လည် ဖွင့်လှစ် လာနိုင် တာ ပဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ