ဂရိဝန်ကြီးချုပ် ရာထူးက နှုတ်ထွက်

  • 20 ဩဂုတ် 2015
greece_tsipras ဓာတ်ပုံ မူပိုင် Reuters
Image caption မစ္စတာ ဆီးပရပ်စ် က သူ့ အနေနဲ့ တိုင်းပြည် အတွက် လုပ်ဆောင် ခဲ့တာ တွေ အပေါ် လိပ်ပြာသ န့် ကြောင်း နဲ့ သူ့ အစိုးရ အောင်မြင် အောင် ဆောင်ရွက် နိုင်ခဲ့တာ တွေ အပေါ် မှာလည်း ဂုဏ် ယူ ကြောင်း ပြော။

ဂရိ ဝန်ကြီးချုပ် အလက်ဆီ ဆီးပရပ်စ် ဟာ ရာထူး နေရာ က နှုတ်ထွက် ကြောင်း ကြေညာ လိုက် ပြီး ရွေးကောက်ပွဲ အသစ် တစ်ရပ် ကျင်းပကြဖို့ ဆော်ဩ လိုက် ပါတယ်။

သူ ဦးဆောင် တဲ့ အစိုးရ အနေနဲ့ ဂရိ ကို နိုင်ငံတကာ ချေးငွေသစ် တွေ ရရှိ အောင် ဆောင်ကြည်း ပေး နိုင်ခဲ့ပြီး အခု အချိန် မှာတော့ ဒီ ချေးငွေသစ် သဘောတူမှု အပေါ် တိုင်းပြည် က သုံးသပ် အကဲဖြတ် ရတော့မှာ ဖြစ်တယ် လို့ မစ္စတာ ဆီးပရပ်စ် က ရုပ်မြင်သံကြား ကနေ တိုက်ရိုက် မိန့်ခွန်း ပြောခဲ့ ပါတယ်။

နိုင်ငံတကာ ရဲ့ ဘဏ္ဍာရေး ဆိုင်ရာ ကယ်ဆယ်မှု အစီအစဉ် တွေ ရရှိလာ အောင် တိုင်းပြည် တွင်း ခြိုးခြံရေး မူ တွေ ချမှတ် ကျင့်သုံး ဖို့ သဘောတူ ပေး ခဲ့ရတဲ့ အတွက် မစ္စတာ ဆီးပရပ်စ် ဟာ သူဦးဆောင်တဲ့ လက်ဝဲ ဆီရစ်ဇာ ပါတီ ထဲမှာ ကို အပြင်းအထန် ဝေဖန် ဆန့်ကျင် ခံခဲ့ ရပါတယ်။

မစ္စတာ ဆီးပရပ်စ် ရယူ ပေးခဲ့တဲ့ နိုင်ငံတကာ ရဲ့ ချေးငွေ သဘောတူမှု အသစ် အရ ဂရိ နိုင်ငံ ဟာ ၃ နှစ် အတွင်း ဒေါ်လာ ၉၅ ဘီလီယံ လက်ခံ ရရှိမှာ ဖြစ်ပါတယ်။

ဂရိ နိုင်ငံ မှာ တစ်လ အတွင်း ရွေးကောက်ပွဲ သစ် ကျင်းပ နိုင်တယ် ဆိုပြီး ဂရိ အစိုးရ အာဏာပိုင် တစ်ယောက် ရဲ့ ပြောကြား ချက် ကို ကိုးကားပြီး မီဒီယာ တွေ မှာ ဖော်ပြ နေပါတယ်။

အစိုးရ အသုံး စရိတ် လျှော့ချ ဖြတ်တောက် ဖို့ နိုင်ငံတကာ မြီရှင် တွေ ရဲ့ တောင်းဆို မှု တွေ ကို မလိုက်လျော ဘူး ဆိုတဲ့ ရွေးကောက်ပွဲ ကတိကဝတ် တွေ မစ္စတာ ဆီးပရပ်စ် ဦးဆောင်တဲ့ ဆီရစ်ဇာ ပါတီ ဟာ အခုနှစ် ဆန်း ဇန်နဝါရီ လ ကမှ အာဏာ ရ လာတာ ဖြစ်ပါတယ်။

မစ္စတာ ဆီးပရပ်စ် အခုလို နှုတ်ထွက် သွားခြင်းဟာ ဂရိ ရရှိ ထားတဲ့ နိုင်ငံတကာ သဘောတူ မှု တွေ ကို လက်တွေ့ အကောင်အထည် ဖော်ရမယ့် အရေး အပေါ် ထိခိုက်မှု မရှိဖို့ မျှော်လင့်တယ် ဆိုပြီး ယူရို ငွေကြေး အဖွဲ့ ရဲ့ ဥက္ကဌ ယေရူးန် ဒိုင်ဆယ်ဘလွန်မ် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ