အဘူဆာယပ်ဖ် ဖမ်းထားတဲ့ ဓားစာခံ ၂ ဦး လွတ်မြောက်

ဓာတ်ပုံ မူပိုင် AFP
Image caption ဖိလစ်ပိုင် စစ်တပ်ဟာ နိုင်ငံ တောင်ပိုင်းက ခွဲထွက်ရေး မွတ်ဆလင် အဖွဲ့တွေကို နှစ် အတော်ကြာ တိုက်ခိုက်နေခဲ့။

ဖိလစ်ပိုင် နိုင်ငံမှာ အဘူဆာယပ်ဖ် စစ်သွေကြွ အဖွဲ့က ပြန်ပေး ဆွဲသွားခဲ့တဲ့ ကမ်းခြေစောင့် တပ်ဖွဲ့ဝင် ၂ ဦးဟာ ပြန်လည် လွတ်မြောက် လာခဲ့ပြီ ဖြစ်တယ်လို့ ဖိလစ်ပိုင် စစ်တပ်က ပြောပါတယ်။

အဲဒီ ၂ ယောက် အပါအဝင် တခြား ပြန်ပေးဆွဲ ခံထားရသူတွေကို ကယ်တင်ဖို့ အတွက် ဗုဒ္ဓဟူးနေ့ ညပိုင်းက ဖိလစ်ပိုင် တောင်ပိုင်း ဆူလူ ပြည်နယ်ထဲမှာ ရှိတဲ့ အစ္စလာမ်မစ် အဖွဲ့ရဲ့ စခန်းကို စစ်တပ်က ဝင်စီးခဲ့တာ ဖြစ်ပါတယ်။

စစ်သွေးကြွေတွေနဲ့ အစိုးရ စစ်တပ်အကြား ၂ နာရီကြာ တိုက်ခိုက်မှု အတွင်း အဲဒီလူ ၂ ဦး လွတ်အောင် ပြေးလာခဲ့ကြတာ ဖြစ်ပြီး တခြား ပြန်ပေးဆွဲ ခံရသူ ၄ ယောက်ရဲ့ အခြေအနေတွေကိုတော့ မသိရသေးဘူးလို့ စစ်တပ်က ပြောပါတယ်။

အဲဒီ တိုက်ပွဲ အတွင်း အဘူဆာယပ်ဖ် အဖွဲ့ ဝင် ၁၅ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဘူဆာယပ်ဖ် အဖွဲ့ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က အစိုးရဆီက ပြန်ပေးငွေ မရတဲ့ အတွက် ရွာလူကြီး တစ်ယောက်ကို ခေါင်းဖြတ် သတ်ခဲ့ပြီး၊ အခု လွတ်လာတဲ့ ကမ်းခြေစောင့် တပ်ဖွဲ့ဝင်တွေကို ထပ်မံ သတ်ဖြတ်ဖို့ ခြိမ်းခြောက် ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့ရဲ့ ဖမ်းဆီးမှုကို ခံထားရသူတွေ ထဲမှာ မလေးရှား နိုင်ငံသားတွေနဲ့ ဒတ်ချ် လူမျိုး တစ်ယောက်လည်း ပါဝင် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ