မက်ဆီဒိုးနီးယားထဲဝင်ဖို့ ဒုက္ခသည်တွေ စောင့်နေကြရဆဲဖြစ်

  • 21 ဩဂုတ် 2015
_migrants_macedonia ဓာတ်ပုံ မူပိုင် Reuters
Image caption တနေ့ကို လူ ၃ ထောင် ကျော် ဝင်ရောက် နေတဲ့ အတွက် မက်ဆီဒိုးနီးယား လို နိုင်ငံငယ် လေး အနေနဲ့ ဒီလောက် ပမာဏ ကို တာဝန်ယူ ကိုင်တွယ် ဖို့ရာ မဖြစ်နိုင်။

ကလေးသူငယ် တွေ နဲ့ သက်ကြီး ရွယ်အို တွေ လို အင်မတန် ထိခိုက် လွယ် တဲ့ ရွှေ့ပြောင်း ဒုက္ခသည် တွေ ကို လက်ခံမယ် လို့ မက်ဆီဒိုးနီးယား နိုင်ငံ က ပြောခဲ့တဲ့ နောက် ရာ ပေါင်း များစွာ သော ရွှေ့ပြောင်းသူ တွေ ဟာ ဂရိ နိုင်ငံ ကနေ တဆင့် မက်ဆီဒိုးနီးယား ထဲ ကို ဝင်ရောက် ဖို့ ကြိုးစား လာကြ ပါတယ်။

ကလေးတွေ ပါဝင် တဲ့ မိသားစု တချို့ ၀င်ခွင့် ရသွား ပြီး တော်တော် များများ က တော့ အတားခံနေ ကြရဆဲ ဖြစ်တာ ကို တွေ့မြင် ခဲ့ရတယ်လို့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

အရှေ့အလယ်ပိုင်း ဒေသ က လာကြသူတွေ အများစု ဖြစ်တဲ့ ရွှေ့ပြောင်း ဝင်ရောက် သူ လူအုပ်ကြီး ကို ထိန်းချုပ် နိုင်ဖို့ သောကြာ နေ့ အစောပိုင်း တုန်းက တော့ မက်ဆီဒိုးနီးယား လုံခြုံရေး အဖွဲ့ဝင် တွေ ဟာ မျက်ရည်ယို ဗုံး တွေ နဲ့ ပစ်ခတ် ခဲ့တဲ့ အထိ လုပ်ဆောင် ခဲ့ ကြ ပါတယ်။

တနေ့ကို လူ ၃ ထောင် ကျော် ဝင်ရောက် နေတဲ့ အတွက် မက်ဆီဒိုးနီးယား လို နိုင်ငံငယ် လေး အနေနဲ့ ဒီလောက် ပမာဏ ကို တာဝန်ယူ ကိုင်တွယ် ဖို့ရာ မဖြစ်နိုင် လို့ အခုလို ထိန်းချုပ် နိုင်ဖို့ လုပ်ဆောင် ခဲ့ရတာ ဖြစ်တယ် လို့ မက်ဆီဒိုးနီးယား နိုင်ငံခြားရေး ဝန်ကြီး နီကိုလာ ပိုပေါ့စ်ကီး က ဘီဘီစီ ကို ပြောပါတယ်။

ဂရိ နဲ့ မက်ဆီဒိုးနီးယား နယ်စပ် မှာ သောင်တင် နေကြတဲ့ ရွှေ့ပြောင်းသူ တွေ အတွက် အရေးတကြီး လိုအပ် နေတဲ့ အကူအညီ တွေ ကို နှစ်နိုင်ငံ အာဏာပိုင် တွေ က ဖြည့်စည်း ပေးဖို့ ကုလသမဂ္ဂ ရဲ့ ဒုက္ခသည် များ ဆိုင်ရာ အေဂျင်စီ က တိုက်တွန်း ထားပါတယ်။

ရွေ့ပြောင်းသူ တွေ ဟာ ဥရောပ မြောက်ပိုင်း နိုင်ငံတွေ ကို ခရီးဆက်ဖို့ ရည်ရွယ်ပြီး မက်ဆီဒိုးနီးယား နိုင်ငံထဲ ကို ဝင်ရောက် နိုင်ဖို့ ကြိုးစား နေကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ